ကျားကျားတွေ အလေးထားရမယ့် ကျန်းမာရေးတစ်ခုက လိင်မှုဆိုင်ရာစွမ်းဆောင်ရည်ပါပဲ။ ဒီလို ပြောလို့ Libido မြှင့်တင်နိုင်မယ့် ဆေးတွေ သုံးဖို့ ပြောတယ်လို့ မယူဆစေချင်ပါဘူး။ သဘာဝအတိုင်း စိတ်ချပြီး အစားအသောက်အားကိုးနဲ့လည်း လိင်မှုစွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ အဲ့ဒီလို အစားအသောက်တွေထဲက အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် ကူညီပေးနိုင်မယ့် အစားအသောက်တချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) ဖရဲသီး

Watermelon

Photo: healthline

ဈေးပေါပေါနဲ့ လိင်ပိုင်းစွမ်း‌ဆောင်ရည်ကို အားပေးနိုင်တဲ့ အသီးအနှံတစ်မျိုးက ဖရဲသီးဖြစ်ပါတယ်။ ဖရဲသီးမှာ ပါတဲ့ Citrulline ဆိုတဲ့ အမိုင်နိုအက်ဆစ်ဟာ သွေးကြောတွေ ကျယ်စေပြီး ရေဓါတ်ပြည့်ဝလို့ လိင်ကျန်းမာရေးနဲ့ Libido ဓါတ်ကို ပိုမြှင့်တင်ပေးနိုင်ပါတယ်။

(၂) ချောကလက်

Chocolates

Photo: healthvalues

ချောကလက်ကို အချစ်သင်္ကေတအဖြစ် လက်ဆောင်တွေ ပေးကြပါတယ်။ ကျန်းမာရေးပညာရှင်တွေရဲ့ အမြင်မှာ ချောကလက်ဟာ အမျိုးသမီးတွေအတွက် စိတ်ကြည်နူးမှု Endorphins တက်စေနိုင်ပြီး ခံစားမှုကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။ နှစ်ဦး ကြည်နူးမှုကို တွန်းပို့နိုင်မယ့် အစားအသောက်တစ်မျိုးလို့ ဆိုရမှာပါ။

(၃) ကြက်သွန်ဖြူ

Garlic

Photo: medicalnewstoday

ကျားရောမပါ လိင်စိတ်ကို နိုးကြားအောင် နှိုးဆွပေးနိုင်တယ်ဆိုပြီး ရှေးကတည်းက နာမည်ကြီးတဲ့ အစားအသောက်တစ်ခုက ကြက်သွန်ဖြူဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာ Allicin လို့ ခေါ်တဲ့ လိင်အင်္ဂါတွေဆီ သွေးပို့မှုမြှင့်တင်နိုင်တဲ့ ဓါတ်တစ်မျိုး ပါရှိပါတယ်။ ကြက်သွန်ဖြူကို ဟင်းလျာတွေထဲမှာ ထည့်စားတာပဲ ဖြစ်ဖြစ် ဒီအတိုင်း အစိမ်းလိုက် ကိုက်စားတာ ဖြစ်ဖြစ် အလွယ်တကူ စားသုံးနိုင်ပါတယ်။

(၄) ပစ်စတာချီယိုစေ့

pistachio-nut

Photo: healthline

သီဟိုစေ့မျိုးနွယ်ဝင် ပစ်စတာချီယိုတွေဟာ အာဟာရတန်ဖိုး မြင့်မားပြီး သွေးဖိအားကျဆင်းစေလို့ နာမည်ကျော်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချရာမှာ ၊ ကိုယ်တွင်း သွေးလည်ပတ်မှု ပိုကောင်းစေရာမှာလည်း ပစ်စတာချီယိုတွေက အားပေးပါတယ်။ လိင်မှုစွမ်းရည်တက်ပြီး ယောကျ်ားတို့ ဖြစ်တတ်တဲ့ ပန်းညှိုးတဲ့ ဝေဒနာတွေကို သွေးလည်ပတ်မှု ပိုကောင်းစေခြင်းအားဖြင့် အများကြီး အထောက်အကူဖြစ်စေပါတယ်။ တစ်နေ့ကို ပစ်စတာချီယိုစေ့တစ်ဆုပ် စားခြင်းအားဖြင့်ကို လိင်မှုစွမ်းရည်တိုးတက်စေနိုင်ပါတယ်။

Featured Photo: nuzest