အလှအပ ဆိုတာမိန်းကလေးတွေအတွက်သာမကပဲ အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အသားအရည်တွေဟာ လျော့ရဲတွဲကြလာတတ်ပါတယ်။ မျက်နှာပေါ်မှာ လည်းအရေးအကြောင်းတွေ ထင်လာတတ်ပါတယ်။ အိုမင်းခြင်းဆိုတာ လူတိုင်းတွေ့ကြုံရမယ့် သဘာဝတရားပါ။ အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် ပြင်ပလှုပ်ရှားမှုနဲ့ ရုပ်ရည်သွင်ပြင်ကို သက်ရောက်မှုရှိပါတယ်။ ဒီနေ့ kwee page က အိုမင်းခြင်းကို နှောင့်နှေးစေနိုင်မယ့် အရာတွေကို ဖော်ပြပေးသွားမှာပါ။
ငါးကြီးဆီ

Source: Medical News Today
Omega 3 နဲ့ Fatty acid ပါဝင်မှု မြင့်မားတာကြောင့် ငါးကြီးဆီဟာ နှလုံးကျန်းမာရေးအတွက်သာမက ကြွက်သားကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီဟာ လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
ငှက်သိုက်

Source: MyNest Group Malaysia
ငှက်သိုက်မှာ ဟာနှလုံးအားကောင်းစေပြီး ကင်ဆာရောဂါကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သတ္တုဓာတ်နဲ့ တခြား ဓာတ်ပစ္စည်းတွေက ငယ်ရွယ်မှုကို ဆက်လက်ထိန်းထားနိုင်မှာပါ။
ဗီတာမင်ဘီအုပ်စု

Source: HealthXchange
ဗီတာမင်ဘီကို skin care တွေမှာ အများအပြား အသုံးပြုပါတယ်။ အိုမင်းရင့်ရော်ခြင်းကို အကာအကွယ်ပေးပြီး အစားအစာကနေ စွမ်းအင်ကို ပြောင်းလဲပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ အသားအရည်အတွက် ရေဓာတ်ထိန်းသိမ်းပေးပြီး ပျက်စီးသွားတဲ့အသားအရည်ကိုလည်း ကုသပေးပါတယ်။ ဗီတာမင် ဘီ ပါဝင်တဲ့ အစားစာတွေကတော့ အသား၊ ငါး၊ ထောပက်သီး၊ ငှက်ပျော်သီး၊ ဥအမျိုးမျိုးနဲ့ အသီးအရွတ်တွေပဲဖြစ်ပါတယ်။
Peptide

Source: Medical News Today
သူကတော့ ပရိုတင်းဓာတ်ကို တည်ဆောက်ရာမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဒြပ်ပေါင်းဖြစ်ပြီး collagen ပမာဏကို တိုးပွားလာစေပါတယ်။ ဒါ့ကြောင့် သူဟာ အိုမင်းခြင်းကို ကာကွယ်တဲ့ပစ္စည်းတွေထဲ မပါမဖြစ်ပါဝင်လာပြီး ကျန်းမာတဲ့အရေပြားအသစ်ကို ဖြစ်ပေါ်စေပါတယ်။
ဟော်မုန်းဓာတ်

Source: BioTE Medical
သွေးကနေတစ်ဆင့် ဖြတ်သွားတဲ့ အလင်းတွေကနေ ဟော်မုန်းဓာတ်တွေကို ထုတ်ပါတယ်။ သင့်တော်တဲ့ဆဲလ်တွေကို ရှာတွေ့ရင် ပိုများတဲ့ ပရိုတင်းတွေ အင်ဇိုင်းတွေကို ထုတ်ပေးဖို့ ဆဲလ်တွေကိုညွှန်ကြားပါတယ်။
Testosterone ဆိုတာ အဖိုဟော်မုန်းဖြစ်ပြီး အရိုးသိပ်သည်းမှု၊ အဆီဖြန့်ဝေခြင်းနဲ့ ကြွက်သားတွေ သန်မာအောင် ကူညီပေးပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေအတွက်လည်း သက်ဆိုင်ပါတယ်။
