ဒီနေ့တော့ kwee page ကနေ အာရုံငါးပါးထဲက အကြားအာရုံအတွက် စားသုံးပေးသင့်တဲ့ အဟာရဓာတ်တွေအကြောင်း ပြောပြပေးသွားမှာပါ။

Omega 3 Fatty Acid

Source: Times Food

Omega 3 Fatty Acid က အသက်အရွယ်ကြောင့်ဖြစ်တဲ့ အကြားအာရုံဆုံးရှုံးမှုကို (၄၀) ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက တွေ့ရှိထားပါတယ်။ ဦးနှောက်နဲ့အကြားအာရုံတို့ကြားက အချက်ပြစနစ်ကို အကောင်းဆုံး ချိတ်ဆက်နိုင်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ Omega 3 Fatty Acid ဓာတ်ကို ငါးကြီးဆီ၊ နှမ်းကြတ်စေ့ဆီ၊ ဆယ်လ်မွန်ငါး၊ပဲပိစပ်ဆီ၊ ဆာဒင်းငါးတို့ကနေ ရရှိနိုင်ပါတယ်။

ဇင့်

Source: Stylesatlife

ဇင့်ဟာ ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေပြီး အနာကျက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး အနာကျက်မြန်စေနိုင်သလို နားတွင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်နက်သား၊သစ်ကြားသီး၊အယ်လ်မွန်စေ့၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ကမာ၊ အနက်ရောင်ချောကလက်တို့မှာ ဇင့်ဓာတ်ပါဝင်ပါတယ်။

ပိုတက်ဆီယမ်

Source: FirstCry Parenting

အရွယ်ရလာတာနဲ့အမျှ အကြားအာရုံအတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓာတ်ကျဆင်းလာပြီး အကြားအာရုံချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝစေဖို့ အာလူး၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ အဆီထုတ်နို့တို့စားသုံးပေးပါ။

မဂ္ဂနီဆီယမ်

Source: Glossypolish

နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီ ဆူညံသံတွေကို ကာကွယ်ပေးပါတယ်။ အတွင်းနားထဲက သွေးကြောတွေကိုကျန်းမာစေပြီး သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့စားသုံးပေးပြီး မဂ္ဂနီဆီယမ်ဓာတ်ဖြည့်တင်းပေးပါ။