အစားအသောက်တွေဖြုန်းတီးခြင်းက ဘယ်သူ့အတွက်မှာ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် အစားအသောက်တွေကို အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အခု kwee page ပြောပြအကြောင်းအရာကတော့ အစားအသောက်တွေကို နှစ်တွေအများကြီးခံအောင် သိုလှောင်နည်းတွေပဲဖြစ်ပါတယ်။
ဘယ်ရီသီးများ
Source: Blueberries Consulting
ဘယ်ရီသီးတွေဟာ စားကောင်းတဲ့အသီးတွေဆိုပေမယ့် သူတို့တွေက ကြာရှည်မခံကြဘူး။ သူတို့ကို အကြာကြီးအထားခံဖို့ဆိုရင်တော့ အေးခဲခြင်းနည်းကိုအသုံးပြုရပါမယ်။ သူတို့ကို အေးခဲထားမယ်ဆိုရင် တစ်နှစ်အထိအထားခံကြတယ်။
သူတို့ကို မအေးခဲခင် ရေအေးနဲ့သေချာဆေးကြောသန့်စင်ပြီး ပျက်စီးမူမရှိစေရန် အခြောက်ခံရပါမယ်။ အေးတဲ့နေရာမှာ မသိုလှောင်ခင် ပလက်စတစ်အိတ်ထဲ ထည့်ပေးဖို့လိုအပ်ပါတယ်။
ဟင်းသီးဟင်းရွတ်များ
Source: American Hart Association
ဟင်းသီးဟင်းရွတ်တွေကို ကြာရှည်သိုလှောင် အအေးခံခြင်းအပြင် အခြားနည်းလမ်းရှိပါသေးတယ်။ ဆားရည်စိမ်ခြင်းက အစားအစာတွေကို သဘာဝအတိုင်း ကြာရှည်ခံအောင် ပြုလုပ်ပေးနိူင်ပါတယ်။ ဟင်းသီးဟင်းရွတ် အားလုံးကို ဆားရည်စိမ်လို့ရပါတယ်။
ဆားရည်စိမ်တဲ့နေရာမှာ သခွားသီးကတော့ အကျော်ကြားဆုံးပါ။ သခွားသီးဆာရည်စိမ်ဟာ (၂) နှစ်အထိ ခံပါတယ်။ ဒါပေမယ့် ခရမ်းချည်သီးကတော့ (၂) လအထိပဲခံပါတယ်။ ဆားရည်စိမ်ဖို့အတွက် ရှာလာကာရည်၊ ရေ နဲ့ ဆားတို့ကို ရောဖျော်ပေးရပါမယ်။ တစ်ခါတစ်ရံအရသာအတွက် သကြားကို ထည့်လေ့ရှိကြတယ်။
မုန်လာဥ
Source: Crop Trust
မုန်လာဥဟာလည်း ဟင်းသီးဟင်းရွတ်ထဲ မှာပါဝင်ပါတယ်။ ဟင်းချက်တဲ့နေရာမှာလည်း အသုံးများကြတယ်။ သူတို့ကို အပိုင်းပိုင်းဖြတ်ပြီး အခြောက်ခံထားမယ်ဆိုရင် (၂၅) အထိခံပါတယ်။
ပန်းသီး
Source: Deutsce Welle
ပန်းသီးတွေကိုလည်း လှီးဖြတ်ပြီး အခြောက်ခံထားမယ်ဆိုရင် နှစ်ပေါင်း (၂၀) ကြာအထိအထားခံပါတယ်။ အများစုကတော့ ဒီလိုအခြောက်ခံပြီး ဟင်းချက်ဖို့အတွက် အသုံးပြုကြပါတယ်။ သူတို့ကို ဘူးထဲ (သို့) ပလက်စတစ်ဖြင့် ထုတ်ထားဖို့တော့ လိုအပ်ပါတယ်။
နွားနို့
Source: Hoard’s Dairyman
ပုံမှန်ဆိုရင် နွားနို့တွေက အကြာကြီးမခံပါဘူး။ အေးတဲ့နေရာမှာ ထားရင်တောင်မှ အကြာကြီးခံလေ့မရှိပါဘူး။ ဒါပေမယ့် နွားနို့ကို အမှုန့်အနေနဲ့ သိမ်းမယ်ဆိုရင် (၂၅) နှစ်အထိအသုံးပြုလို့ရပါတယ်။