ဝမ်းချုပ် စေတတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ရေ သိပ်မသောက်လို့ ၊ လှုပ်ရှားမှု နည်းလို့ ၊ အစာခြေစနစ် မကျန်းမာလို့ စသဖြင့် အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ တစ်ချို့တွေက ဝမ်းနှုတ်ဆေးကို အသုံးပြုကြတယ်။ ဒါပေမယ့် ဝမ်းနှုတ်ဆေးကို မကြာခဏအသုံးပြုလို့ အဆင်မပြေပါဘူး။

ဒါကြောင့် သဘာဝအတိုင်းသာ ဝမ်းမှန်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ ရေကို လုံလောက်အောင် သောက်ပါ၊ အသီးအနှံ၊ အသီးအရွက်တွေ မျှတအောင် စားပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ ဒါဆို လုံလောက်ပါတယ်။ ဝမ်းမချုပ်စေဖို့အတွက် အစားအသောက်တွေ ဆင်ခြင်စားသောက်ဖို့လည်း လိုအပ်ပါတယ်။ kwee page က ဝမ်းချုပ်စေတဲ့ အစားအစာတွေကို ဖော်ပြပေးမှာပါ။

ကဖိန်း

Source: Global Food world Magazine

ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေမှာပါတဲ့ ကဖိန်းဓာတ်က ပမာဏအများကြီးစားသောက်မိရင် ဝမ်းချုပ်စေနိုင်တယ်။ ဒါ့ကြောင့် ဝမ်းချုပ်နေပြီဆို ကော်ဖီကို တစ်ခွက်ထက် ပိုမသောက်ဖို့ အကြံပေးချင်ပါတယ်။

အရက်

Source: Newsroom

ကော်ဖီ လိုပဲ အရက် ကလည်း ခန္ဓာကိုယ်ကို ရေဓာတ် ခန်းခြောက်စေပြီး ဝမ်းချုပ်စေပါတယ်။ အရက်နဲ့ ဘီယာ စတဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေ သောက်ပြီးရင် ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။

နို့ထွက်ပစ္စည်း

Source: Menafn

ချိစ် နဲ့ နွားနို့စားတာ များလွန်းရင် ဝမ်းချုပ်တတ်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို လုံးဝရှောင်စရာ မလိုပါဘူး။ ဝမ်းချုပ်နေတဲ့အချိန်မှာ လျှော့စားဖို့တော့ အကြံပေးချင်ပါတယ်။

ဆီကြော် အစားအစာများ

Source: HealthSeed

ကြက်ကြော်၊ အာလူးကြော် စတဲ့ ဆီကြော်အစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ အကြော်အလှော်တွေက အဆီများပြီး ချေဖျက်ဖို့ခက်ခဲပါတယ်။ ဒီအစားအစာတွေက အူမကြီးထဲရွေ့လျားမှု နှေးစေပြီး သူ့ကို ဝမ်းအဖြစ် စွန့်နိုင်ဖို့ ရေ များများသောက်ဖို့ လိုပါတယ်။