ဆောင်းတွင်းဟာ ရောဂါဘယပေါများတဲ့ရာသီဆိုရင် မမှားပါဘူး။ အထူးသဖြင့် တုပ်ကွေးအဖြစ်များကြတယ်။ ဒီလိုဆောင်းတွင်းမှာ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့က အရေးကြီးပါတယ်။ ဒီနေ့ဆောင်းပါးမှာ ဆောင်းတွင်းကိုယ်ခံအားစနစ်ကို မြင့်တင်ပေးမယ့် အစားအစာတွေအကြောင်း ပြောပြပေးသွားမှာပါ။

Citrus ပါဝင်တဲ့ အသီးများ

Source: BegNews

ဆောင်းတွင်းအဖြစ်များတဲ့ တုပ်ကွေးအတွက် အကောင်းဆုံးအစားအစာကတော့ citrus ပါဝင်တဲ့အသီးတွေ ဖြစ်ပါတယ်။ ဒီအသီးတွေမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းက သွေးဖြူဥအရေအတွက်ကို တိုးလာစေပြီး တုပ်ကွေးတွေကို ကာကွယ်တိုက်ထုတ်ပေးပါတယ်။ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ သံပုရာသီးစတဲ့ အသီးတွေက citrus ပါဝင်တဲ့ အသီးတွေဖြစ်ပါတယ်။

Bell peppers (ငရုတ်ပွ)

Source: WebMD

Bell peppers လို့ခေါ်တဲ့ ငရုတ်ပွအနီရောင်ဟာ ဗီတာမင် စီဓာက်ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြှင်တင်ပေးတာကြောင့် တုပ်ကွေး ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။ ဒီငရုတ်ပွမှာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်းဓာတ်ကလည်း အသားအရေနဲ့ မျက်လုံးကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။

ကြက်သွန်ဖြူ

Source: Insider

ကြက်သွန်ဖြူက ဟင်းချက်တဲ့နေရာမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ဆေးဖက်ဆိုင်ရာအတွက်လည်း အသုံးဝင်ပါတယ်။ ကြက်သွန်ဖြူမှာ သွေးဖိအားကျစေပြီး အစာခြေစနစ်ကို ကောင်းမွန်စွာအလုပ်လုပ်စေနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ကြက်သွန်ဖြူမှာ အယ်လီစင် (Allicin)လို ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားနစ်ကိုလည်း တိုးမြှင့်စေပါတယ်။

ဂျင်း

Source: Medical News Today

ဂျင်းကို တုပ်ကွေးကို တိုက်ဖျက်တဲ့နေရာမှာ အသုံးများပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ လည်ချောင်းနာခြင်းနဲ့ အခြားဖျားနာခြင်းတို့ကို သက်သာသွားစေနိုင်ပါတယ်။ ချင်းမှာ ပါဝင်တဲ့ Gingerol နဲ့ Shaogals ဓာတ်နှစ်မျိုးက လူတွေမှာ ဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ်တွေကိုသေစေနိုင်ပါတယ်။