ကြွက်သားများ ကြီးထွားသန်မာဖို့ရာ အစာအာဟာရနဲ့ လေ့ကျင့်ခန်းက အဓိကအရေးပါပါတယ်။ အစားအစာနဲ့ လေ့ကျင့်ခန်းကိုမျှတအောင်လုပ်ဆောင်မှလည်း ခန္ဓာကိုယ်က အချိုးကျလှပစွာ ကြွက်သားထုထည်တက်လာစေမှာပါ။ ဒီနေ့တော့ ကြွက်သားထုတည်တက်ချင်တဲ့သူတွေအနေနဲ့ ဘယ်လိုအစားအစာတွေစားပေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကြက်ဥ

Source : Eat This, Not That

ကြက်ဥမှာ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး ကျန်းမာသောအဆီများ ၊ ဗီတာမင် B နဲ့ choline ကဲ့သို့ကောင်းမွန်တဲ့ အာဟာရဓာတ်များပါဝင်ပါတယ်။ ကြက်ဥကရတဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တွေက ကြွက်သားထုထည်တည်ဆောက်ရာမှာ များစွာအထောက်အပံ့ဖြစ်စေပါတယ်။

(၂) ဆော်လမွန်

Source : CGTN

ဆော်လမွန်ငါးဟာ ကြွက်သားတည်ဆောက်ခြင်းနှင့် ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆော်လမွန်ငါး ၈၅ ဂရမ်မှာ ပရိုတင်းဓာတ် ၁၇ ဂရမ်ပါဝင်ပြီး ၊ အိုမီဂါသရီး fatty acids နှင့် ဗီတာမင် B ဓာတ်များ များစွာပါဝင်ပါတယ်။ အိုမီဂါသရီး fatty acids ဟာ ကြွက်သားကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပြီး ကြွက်သားထုထည်တက်စေဖို့ ကူညီပေးပါတယ်။

(၃) ကြက်ရင်အုံသား

Source : The Spruce Eat

ကြက်သားဟာ ပရိုတင်းဓာတ်အရင်းအမြစ်တစ်ခုလို့ဆိုရမှာဖြစ်ပြီး ကြက်ရင်အုံသားမှာ ပရိုတင်းဓာတ်များ ပိုမိုများပြားစွာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ကြက်ရင်အုံသားစားပေးတာက ကြွက်သားထုတည်တက်စေတဲ့အပြင် ခန္ဓာကိုယ်အဆီတွေကိုလည်းလောင်ကျွမ်းစေဖို့ ကူညီပေးတာကြောင့် ဝိတ်ချသူတွေ ၊ ကြွက်သားတက်ချင်သူတွေနဲ့ အားကစားသမားအများစုစားပေးသင့်ပါတယ်။

(၄) နွားနို့

Source : The UBJ

နွားနို့မှာ ပရိုတင်း ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်များပါဝင်ပါတယ်။ ကိုယ်အလေးချိန်တက်ချင်သူတွေနဲ့ ကြွက်သားတည်ဆောက်နေတဲ့ muscle builder တွေအနေနဲ့လည်းနွားနို့ပုံမှန်သောက်သုံးလေ့ရှိပါတယ်။ နွားနို့က ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်စေပြီး ကြွက်သားထုတည်ကြီးထွားစေဖို့ အထောက်အကူပြုပါတယ်။