ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အထောက်အပံ့ပေးပါတယ်။ ကွီးတို့ရဲ့စိတ်နဲ့ ခန္ဓာကိုယ်သည် ကွီးတို့ ထင်ထားတာထက်ကို ပိုပြီး ဆက်နွယ်နေတာဖြစ်ပါတယ်။

ကွီးတို့ စိတ်ဖိစီးနေတယ်ဆိုရင် ဦးနှောက်က ခန္ဓာကိုယ်ကို သတိလှမ်းပေးမှာဖြစ်ပြီး စိတ်ခံစားချက်နှင့် စွမ်းအားပမာဏသည် ပြောင်းလဲသွားတတ်ပါတယ်။ ဒါ့ကြောင့်မို့ ကွီးတို့ မကြာခဏ စိတ်အပြောင်းအလဲမြန်နေမယ် စိတ်လှုပ်ရှားလွယ်နေမယ်ဆိုရင် ကိုယ် စားသုံးတဲ့ အစားအစာများကို ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။

ကွီးတို့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးမယ့် အစားအစာများက ဘယ်အစားအစာတွေဖြစ်မလဲ။

ဆော်လမွန်ငါး

Foods That Not Only Heal Your Body but Also Boost Your Mental Health

ဆော်လမွန်ငါးသည် အိုမီဂါသရီးဓာတ် ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ သူသည် ဦးနှောက်ဆဲလ်နှင့် တိုက်ရိုက်ချိတ်ဆက်ကာ လုပ်ဆောင်ပြီး စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာများ၊ စိတ်ဓာတ်ကျစရာများကို ဖယ်ရှားပေးပါတယ်။ သက်ကြီးရွယ်အိုများ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ ဆော်လမွန်ငါးကို စားသုံးနိုင်ပါတယ်။

ကြက်သွန်ဖြူအစိမ်း

Foods That Not Only Heal Your Body but Also Boost Your Mental Health

ကြက်သွန်ဖြူကို အစိမ်းလိုက်ပဲစားစား၊ အသုပ်တွေ သုပ်စားတဲ့အခါပဲ ထည့်ထည့် စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ သူ့အနံ့ပြင်းတာကြောင့် စားသုံးပြီးပါက ခံတွင်းရနံ့ကို သေချာဂရုစိုက်သင့်ပါတယ်။ ကြက်သွန်ဖြူသည်လည်း မှတ်ဉာဏ်ကောင်းစေပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်ပါတယ်။

Dark Chocolate

Foods That Not Only Heal Your Body but Also Boost Your Mental Health

Dark Chocolate ထဲမှာ ကိုးကိုးပါဝင်မှုနှုန်း ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ချောကလက်က ပိုခါးလေ အာနိသင်ပိုရှိလေပါပဲ။ ရိုးရိုးချောကလက်ကတော့ Dark Chocolate လောက် ကျန်းမာရေးအတွက် အထောက်အကူမဖြစ်စေပါတယ်။

Dark Chocolate စားမယ်ဆိုရင် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပြီး ပျော်ရွှင်စေတဲ့ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး စိတ်ကျန်းမာပျော်ရွှင်စေပါတယ်။

ဗီတာမင်စီဓာတ်ကြွယ်ဝသော သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ

Foods That Not Only Heal Your Body but Also Boost Your Mental Health

ဗီတာမင်စီဓာတ်သည် ခန္ဓာကိုယ်တစ်သျှူးများကို ထိန်းညှိပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးရာမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် လန်းဆန်းတက်ကြွလာအောင်လည်း ကူညီပံ့ပိုးပေးပါတယ်။ အာရုံစူးစိုက်မှု မြင့်မားလာအောင်၊ မှတ်ဉာဏ်စွမ်းအားကောင်းမွန်လာအောင်နဲ့ စိတ်ဖိစီးမှုများ လျော့ကျလာအောင်လည်း ကူညီပေးပါသေးတယ်။

ဘယ်လိုအစားအစာမျိုးကိုရော ရှောင်ကြဉ်ရမလဲ။

Foods That Not Only Heal Your Body but Also Boost Your Mental Health

အသင့်စား အစားအစာများ၊ အချိုဓာတ်၊ အဆီဓာတ်နှင့် အငန်ဓာတ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုအစားအစာများသည် စိတ်ခံစားချက်ကို အတက်အကျမြန်စေပြီး စိတ်ကျရောဂါ၊ စိတ်ပူပန်မှုလွန်ကဲခြင်း အစရှိသည်တို့ကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

Source: Brightside.me

Featured Image: Mybalancemeals