ညဉ့်နက်လေဗိုက်ပိုဆာလေဆိုတဲ့ အလေ့အထတစ်ခု လူအများစုရှိတက်ကြပါတယ်။တစ်ခုခုမစားပဲအောင့်အီးနေလေ ဗိုက်ပိုဆာလေဖြစ်ပြီး အိပ်လို့မပျော်တဲ့ ရက်မျိုးတွေလည်းကြုံဖူးကြမယ်ထင်ပါတယ်။ဒါပေမယ့် သင့်ဟာညဘက်ဗိုက်ဆာတက်တဲ့လူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်အစားအစာတွေကို အိပ်ခါနီး အချိန်မှာ လုံးဝမစားဖို့ အကြံပြုလိုပါတယ်။

(၁) ကော်ဖီ

Source : Healthline

ကော်ဖီမှာ စိတ်ကိုလန်းဆန်းတက်ကြွက်စေတဲ့ Caffeine ဓာတ်တွေများစွာပါတယ်။ အိပ်ချိန်နီးမှ ကော်ဖီသောက်လိုက်မယ်ဆိုရင် ကော်ဖီမှာပါတဲ့ Caffeine ဓာတ်က သင့်ရဲ့ဦးနှောက်ကိုလန်းဆန်းနေစေပြီး မျက်စိကြောင်ကာ တော်ရုံအိပ်ပျော်ဖို့ခက်ခဲသွားလိမ့်မယ်။ ဒါကြောင့် သင်ဟာကော်ဖီကြိုက်သူတစ်ယောက်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး (၃) နာရီခွာပြီးမှ ကော်ဖီသောက်သုံးဖို့ အကြုံပြုလိုပါတယ်။

(၂) ပန်းသီး

Source : Navbharat Times

ပန်းသီးမှာ ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုစေတဲ့ ဖိုင်ဘာဓာတ် ၊ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုနှာင့်နှေးစေတာကြောင့် တစ်ခါစားပြီးရုံနဲ့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်ပါတယ်။ဒါကြောင့် ပန်းသီးဟာ ဝိတ်ချနေသူတွေအတွက် အထူးသင့်တော်တဲ့ အစားအစာတစ်ခုပါ။ဒါပေမယ့် အိပ်ချိန်နီးမှ စားမယ်ဆိုရင်တော့ အစာမကြေခြင်း ရင်ပြည့်ရင်ကယ်ခြင်းစတဲ့ ပြသနာတွေဖြစ်လာနိုင်တာကြောင့် ညဘက်မှာစားသုံးဖို့တော့မသင့်တော်ပါဘူး။

(၃) အမြန်စား အစားအစာများ

Source : hipolpic.pw

Fast Food လို့ခေါ်တဲ့ အမြန်စား အသင့်စား အစားစားတွေကလည်း ညဘက်အိပ်ခါနီးလုံးဝမစားသင့်ပါဘူး။ညဘက်ဗိုက်ဆာတဲ့အခါ တော်တော်များများက အာလူးကြော် ဘာဂါ ပေါက်ပေါက်ဆုပ် ခေါက်ဆွဲခြောက်စတဲ့ အသင့်စားသုံးနိုင်တဲ့ အစားစားတွေ လွယ်လွယ်ကူကူပဲစားတက်ကြပါတယ်။အဆိုပါ အစားစားတွေဟာ ကယ်လိုရီတွေများစွာပါဝင်နေတာကြောင့် အိပ်ခါနီးစားတဲ့အခါ ကိုယ်အလေးချိန်တက်နိုင်ချေများပြီး အဝလွန်စေမှာဖြစ်ပါတယ်။

(၄) အသင့်သောက်အချိုရည်

Source : MyRecipes.com

အသင့်သောက်သုံးနိုင်တဲ့ အချိုရည်အများစုဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။အထူးသဖြင့် ဝိတ်တက်ဖို့များစွာအထောက်အပံ့ဖြစ်စေပါတယ်။သင့်အနေနဲ့ ညဘက်မှာအချိုရည်များစွာ သောက်သုံးပါ ဝိတ်တက်နိုင်ပြီး၊ ဆီးချိုရောဂါ သွေးချို ရောဂါဖြစ်နိုင်ခြေလည်း ပိုများလာပါလိမ့်မယ်။သင့်အနေနဲ့ ဖျော်ရည်သောက်ရတာကြိုက်တဲ့သူဆိုရင်တော့ သဘာဝအသီးဖျော်ရည် ၊ မကျည်းဖျော်ရည် စတဲ့သဘာဝအတိုင်းပြုလုပ်ထားတဲ့ ဖျော်ရည်တွေကိုသာသောက်သုံးဖို့အကြံပြုချင်ပါတယ်။

(၅) အရက်

Source : Healthline

ညဘက်အိပ်မပျော်ရင် အရက်သောက်ပါဆိုတာ တကယ့်ကိုမှားယွင်းစွာလက်ခံထားကြတဲ့ အယူအဆတစ်ခုပါ။အရက်က သင့်ကိုအိပ်ပျော်သွားစေတာမှန်ပေမယ့် အရက်သောက်ထားတဲ့ဒဏ်ကြောင့် ကောင်းစွာအိပ်ပျော်မှာမဟုတ်ပါဘူး။ဆိုလိုတာက အရက်သောက်ထားလို့ လူကအိပ်ပျော်နေပေမယ့် ခန္ဓာကိုယ်က ဟိုလှိမ့်ဒီလှိမ့်နဲ့ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ဒါကြောင့် ညအိပ်ခါနီးအရက်သောက်ခြင်းကို ရှောင်ကျဉ်ဖို့ တိုက်တွန်းလိုပါတယ်။