မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးဆိုတာ သင်ကြားဖူးမှာပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားတာထက် မနက်စာမစားဘဲနေတာက ပိုပြီးကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဆိုတာ အမျှင်ဓာတ်၊ ပရိုတင်း နဲ့ အားအင်ပြည့်ဝစေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပဲဖြစ်ပါတယ်။
ပြောင်းပြန်အနေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေက သင့်ကို ဝိတ်တတ်စေပြီး တခြားကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ ဒီနေ့တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
ကော်ဖီ

Source: NBC News
လူအများစုက ကော်ဖီကို မနက်စာအတွက် သောက်သုံးကြတယ်။ တစ်ခုသတိထားရမှာက ကော်ဖီဟာ နေ့လည်အထိ ခွန်အားတွေရှိနေအောင် အားမဖြည့်ပေးနိုင်ပါဘူး။ ပြီးတော့ အချိုဓာတ်တွေနဲ့ နို့၊နို့မှုန့်တို့ရောစပ်ထားတဲ့ ကော်ဖီတွေက အစာခြေစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အစာမစားခင် ကော်ဖီသောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ကော်ဖီသောက်ချင်တယ်ဆိုရင် အရင်ဦးဆုံး တစ်ခုခုစားထားဖို့ အကြံပေးပါရစေ။
ငှက်ပျောသီး

Source: MamasLatinas
တစ်ချို့မနက်ခင်းစာစားဖို့ အချိန်မရှိတဲ့လူတွေက အစာပြေအနေနဲ့ ငှက်ပျောသီးစားတက်ကြတယ်။ ငှက်ပျောသီးဟာ အစာခြေရည်ပိုထွက်စေတာကြောင့် ဗိုက်ထဲမှာ အစာမရှိဘဲနဲ့ မစားသင့်ပါဘူး။ ဗိုက်ပြည့်ဖို့ထက် ဗိုက်ကို ပိုဆာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။
ပေါင်မုန့်အဖြူ

Source: Butter with a Side of Bread
ပေါင်မုန့်အဖြူမှာ အဟာရပါဝင်မှုနှုန်းအင်မတန်နည်းပါတယ်။ မနက်စာကို ပေါင်မုန့်အဖြူအစား၊ ပေါင်မုန့်ကြမ်း ၊ အစေ့အဆန်တွေပါတဲ့ ပေါင်မုန့်ကို စားသုံးပေးပါ။ အစာခြေစနစ်ကျန်းမာဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
သကြားဓာတ်ပါဝင်မှုများတဲ့ ကွေကာအုတ်

Source: HuffPost
မနက်ခင်းမှာ ကွေကာအုတ်စားတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဆိုပေမယ့် သကြားပါဝင်မှုများရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သကြားပါဝင်မှုများတဲ့ ကွေကာအုတ်တွေကို မစားပါနဲ့။ ဒီလိုစားသုံးမှုကသွေးတွင်း ဂလူးကို့စ်ကိုမြင့်တက်စေနိုင်ပြီး ခဏတာတော့ အားပြည့်သလိုခံစားရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အားအင်ကုန်ခမ်းသွားသလို ခံစားရနိုင်ပါတယ်။
Featured Image Source: Freepik
