ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေအတိုင်းအတာနဲ့ဆို လူသန်းပေါင်း ၂၆၄ သန်းကျော်ဟာ စိတ်ကျဝေဒနာ Depression ခံစားနေရတယ်လို့ ဆိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှု Depression လက္ခဏာတွေထဲမှာ ဝမ်းနည်းတာ ၊ ပင်ပန်းနုံးချိနေတာ နဲ့ ဘဝပေါ် အလိုမကျ စိတ်ဝင်စားမှုမရှိ ဖြစ်နေတာလည်း ပါဝင်ပါတယ်။ စိတ်ဓါတ်ကျဆင်းတဲ့ ဝေဒနာဟာ အန္တရာယ်ကြီးတာကြောင့် အလေးအနက်ထား ကုစားဖို့ လိုပါတယ်။
ဒီတစ်ခေါက်မှာ Depression ဝင်နေသူတွေအတွက် အထောက်အကူဖြစ်စေဖို့ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲ ပြောချင်ပါတယ်။

(၁) အရက်

Photo: Freepik

အရက်ဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းအောင် လုပ်တဲ့နေရာမှာ အလွန်စွမ်းတဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ စိတ်ညစ်လို့ သောက်လိုက်တဲ့ အရက်တစ်ခွက်ဟာ လူတစ်ယောက်ကို စိတ်ဓါတ်ကျဆင်းပြီး အမှားမှား အယွင်းယွင်းတွေ လုပ်မိတဲ့အထိ အခြေအနေဆိုးကို တွန်းပို့နိုင်ပါတယ်။ စိတ်ဓါတ်ကျနေရင် အရက်နဲ့ ဝေးဝေးနေပါ။ အရက်ကို လျှော့သောက်ခြင်းအားဖြင့် စိတ်ဓါတ်ကျဆင်းမှုကို သက်သာအောင် နေထိုင်ပါ။

(၂) သကြား

Photo: Freepik

သကြားဓါတ်မြင့်တဲ့ အစားအသောက်တွေက ရေရှည်ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်နေတာပဲ ဖြစ်ပါတယ်။ ကိတ်မုန့်တွေ ၊ ကွတ်ကီးနဲ့ ပိုင်မုန့်တွေဟာ သကြားဓါတ်မြင့်ပါတယ်။ ယာယီအနေနဲ့ သကြားဓါတ်မြင့်တဲ့ အစားအသောက်တွေက စိတ်ခံစားချက်ကို ပြောင်းစေနိုင်ပြီး ကြာလာရင် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်မျှခြေပျက်လာနိုင်ပါတယ်။ Depression ရှိသူ စားရင် ပိုဆိုးမှာ သေချာပါပဲ။

(၃) အသင့်စား Fast Food တွေ

Photo: Freepik

ဘာဂါလို အာလူးကြော်လို Fast Foods တွေဟာ စိတ်ဓါတ်ကျနေသူတွေ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေပါပဲ။ လေ့လာမှုတွေအရ ဟမ်ဘာဂါ ၊ ကြက်အူချောင်း ၊ ပီဇာနဲ့ ဒိုးနပ်တို့ဟာ စိတ်ဓါတ်ကျဆင်းမှုကို ပိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Fast Food အစားလျှော့ပါ။ လတ်ဆတ်တဲ့ အသီးအရွက်နဲ့ သစ်သီးဝလံတွေ စားပါ။

(၄) ကဖိန်း

Photo: Freepik

ကဖိန်းဓါတ်ကလည်း သင့်ရုံ စားပေးရင် ပြဿနာမရှိပေမယ့် လွန်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ပါတယ်။ ကဖိန်းဓါတ်က အိပ်စက်မှုကို အနှောင့်အယှက်ပေးပြီး စိတ်ရှုပ်ထွေးစေပါတယ်။ အိပ်ရေးပျက်တာ များခြင်းဟာ စိတ်ဒဏ်ရာရပြီး ထိခိုက်နေသူတွေအတွက် ဆိုးကျိုးပဲ ပေးပါတယ်။ ဒါကြောင့် ကဖိန်းဓါတ် လျှော့ပါ။ ကော်ဖီ ၊ Energy Drinks တွေ တတ်နိုင်သမျှ မသောက်ဘဲနေပါလို့ အကြံပြုလိုက်ရပါတယ်။