ဝိတ်ကျချင်ရင် ဝိတ်တက်မယ့် အစားအသောက်တွေ ရှောင်ကြဉ်ဖို့ လိုပါတယ်။ အခုခေတ်မှာ လူတွေဟာ ပိုပြီး ငြိမ်ငြိမ်နေရပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသထက် နည်းလာတာကြောင့် ဝိတ်တက်ဖို့လည်း ပိုလွယ်လာနေပါတယ်။ ကိုယ်အလေးချိန်ချတော့မယ်ဆိုရင် ဘယ်လို Workout မျိုး လုပ်ရမယ်ဆိုတာထက် ဘယ်အစားအသောက်မျိုး စားရမယ် ၊ ရှောင်ရမယ်ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီတော့ ဝိတ်ကျဖို့အတွက် ရှောင်ကြဉ်ရမယ့်အစားအသောက်တွေက ဘာတွေလဲ ကြည့်လိုက်ရအောင်ပါ။
(၁) Cereal
Photo: mensjournal
မနက်စာအဖြစ် လူသိများကြတဲ့ Cereal ကွေကာဗူးတွေ ဝယ်မယ်ဆိုရင် အမျှင်ဓါတ်ပါဝင်မှုကို ကြည့်ပါ။ အမျှင်ဓါတ်များများ ပါတဲ့ Cereal ကွေကာတွေဟာ သကြားဓါတ်သိပ်မပါလို့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ သကြားဓါတ်များတဲ့ Cereal တွေမှာ တာရှည်ခံဆိုးဆေးတွေပါ ထည့်တတ်လို့ သွေးတွင်းသကြားဓါတ် မြင့်ပြီး ဝိတ်တက်စေပါတယ်။
(၂) ဟင်းရွက်ဆီ
Photo: mensjournal
မြေပဲဆီ ၊ Safflower Oil ဆူးပန်းဆီ နဲ့ ကန်နိုလာဆီတို့ဟာ Inflammation လို့ခေါ်တဲ့ ရောင်ရမ်းမှုတွေနဲ့ အင်ဆူလင်ခုခံနိုင်မှု တက်စေခြင်းတို့ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီအစား သံလွင်ဆီ ၊ အုန်းဆီ ၊ ထောပတ်ဆီမျိုးက ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်မှု ရှိပါတယ်။
(၃) အနံ့ပါ ဒိန်ချဉ်
Photo: mensjournal
ဒိန်ချဉ်တွေက ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်ပါ။ ပြုပြင်ထားပြီး သကြားပါဝင်မှု မြင့်တဲ့ ဒိန်ချဉ်တွေကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဘာအရောအနှောမှ မပါတဲ့ ဒိန်ချဉ်တစ်ခွက်ဟာ သစ်သီးနံ့ ထည့်ထားတဲ့ ဒိန်ချဉ်တစ်ခွက်ထက် ပိုပြီး ကျန်းမာရေးနဲ့ သင့်လျော်ပါတယ်။ အရသာထည့်စားချင်ရင် ဒိန်ချဉ် Plain ကိုမှ ကိုယ့်ဘာသာ သစ်သီးထည့်စားဖို့ပါပဲ။
(၄) ပရိုတိန်း ပေါင်ဒါ
Photo: mensjournal
အားကစားလုပ်နေတဲ့သူတွေ နဲ့ ကိုယ်အရွယ်အစားကြီးချင်သူတွေ လက်စွဲထားစားကြတဲ့ ပရိုတိန်းပေါင်ဒါကလည်း လုံးလုံးကြီး ရှောင်စရာမလိုတဲ့ အစားအသောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ Protein Powders တွေမှာ သကြားပါဝင်မှု မြင့်တာကြောင့် သတိထားပြီး စားရမှာပါ။ ပါဝင်တဲ့ ပရိုတိန်း ဂရမ်နဲ့ ပါဝင်ပစ္စည်းအရေအတွက် ဂရမ် တိုက်ပြီး ချိန်ဆသောက်ပေးဖို့တော့ လိုပါတယ်။
(၅) Candy Bar
Photo: mensjournal
Snickers လိုမျိုး Candy Bars တွေကို လူတိုင်းလိုလို ကြိုက်ကြတာပါပဲ။ စားလိုက်တာနဲ့ ချက်ချင်းအားရှိသလို ခံစားရစေမယ့် Energy Boost စားသောက်ကုန်ပါ။ Candy Bar အချိုချောင်းတွေဟာ နာမည်အတိုင်း သကြားဓါတ်မြင့်လို့ Inflammation ဖြစ်စေပြီး ဝိတ်တက်စေနိုင်ပါတယ်။
(၆) Ice Cream
Photo: mensjournal
Ice Cream တွေ များများစားရင် မကောင်းဘူးဆိုတာ တော်တော်များများ သိကြမှာပါ။ ရေခဲမုန့်တွေမှာ အဆီတွေ မြင့်ပြီး သကြားလည်း အများကြီး ထည့်သုံးထားတာပါ။ တစ်နေ့ကို လူဟာ သကြား ၂၄ ဂရမ်ထက် ပိုစားရင် ကိုယ်အလေးချိန်ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။
(၇) ဆိုဒါ
Photo: mensjournal
ဆိုဒါတွေ နဲ့ Soft Drinks တွေ သောက်တာ များရင်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ Regular Soda တွေ သောက်သုံးခြင်းက အဝလွန်ခြင်း ၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ တချို့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ခြင်းနဲ့ ဆက်စပ်မှု ရှိပါတယ်။
(၈) အာလူးကြော်
Photo: mensjournal
အာလူးကြော်တွေ စားတာဟာ ကိုယ့်ကိုယ်ကိုယ် အဆီတက်ပြီး ဖက်တီးဖြစ်အောင် လုပ်နေတာပါပဲ။ အာလူးကို ဟင်းရွက်ဆီနဲ့ ကြော်စားတာဟာ ပိုပြီး အဆီတက်ပါတယ်။ အာလူးအစား ကန်စွန်းဥကို သံလွင်ဆီ ၊ ထောပတ်သီးဆီလိုမျိုး ကျန်းမာရေးနဲ့ ပိုညီတဲ့ ဆီတစ်မျိုးမျိုးနဲ့ ချက်ပြုတ်ကြော်လှော်စားတာက ပိုပြီး ကျန်းမာရေးအတွက်ကောင်းပါတယ်။
(၉) Crackers
Photo: mensjournal
ခပ်ငံငံ အရသာရှိတဲ့ Crackers တွေကို တာရှည်ခံဖို့ သကြားတွေသုံးထားပြီး ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အဆီတွေနဲ့ ထုတ်လုပ်လေ့ရှိပါတယ်။ Crackers တွေ သိပ်စားတာလည်း ကိုယ်အလေးချိန် တက်နိုင်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။