လူတိုင်းနီးပါး ပြားချပ်ချပ် ဝမ်းဗိုက်တစ်ခု ပိုင်ဆိုင်ချင်ကြမှာ အမှန်ပါ။ ဝမ်းဗိုက်မှာ အဆီတွေစုနေခြင်းဟာ အမျိုးသားတွေအတွက်သာမက အမျိုးသမီးတွေအတွက်ပါ ရုပ်အလွန်ဆိုးပါတယ်။ ပြီးတော့ အဝလွန်ရောဂါကြောင့် ဇီဝဖြစ်ပျက်မှုနဲ့ဆိုင်တဲ့ ရောဂါတွေ၊ သွေးကြောနဲ့ သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် kwee page က ဝမ်းဗိုက်မှာ အဆီတွေစုမနေအောင် ရှောင်ရှားရှားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးသွားမှာပါ။
ပဲအမျိုးမျိုး
Source: Tori Avey
ပဲတွေဟာ အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သူတို့မှာ carbohydrates လည်းကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ပဲတွေကို ပရိုတင်းရဖို့အတွက်စားသုံးသင့်ပေမယ့် ဝမ်းဗိုက်ချပ်နေစေဖို့အတွက်ကတော့ ရှောင်ရှားရမယ့် အစားအစာတွေထဲမှာ ထည့်သွင်းရပါမယ်။
ဒိန်ချဉ်
Source: Food Network
ခရင်ပါတဲ့ ဒိန်ချဉ် တစ်ခွက်မှာ ကယ်လိုရီ (၁၇၀) ခန့်ပါဝင်နေပြီး အဆီမပါတဲ့ ဒိန်ချဉ်တစ်ခွက်မှာ ကယ်လိုရီ (၁၂၀) ကျော်ပါဝင်နေပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ချပ်စေဖို့အတွက် ကယ်လိုရီ စားသုံးမူလျှော့ချနေတယ်ဆိုရင်တော့ ဒိန်ချဉ်ကိုလည်း စာရင်းထဲမှာထည်းသင့်ပါတယ်။
ကာဗွန်နိတ် အချိုရည်များ
Source: Steemit
၁၂ အောင်စရှိတဲ့ ကိုလာ သံဘူးတစ်ဘူးမှာ ကယ်လိုရီ (၁၄၀) ပါဝင်နေပါတယ်။ ဒီထက်ပိုကြီးတဲ့ ဘူးတွေမှာ နှစ်ဆခန့်ကျော်ခန့် ပါဝင်နေတာကြောင့် ဝမ်းဗိုက်စူထွက်မနေချင်ဘူးဆိုရင်တော့ ကာဗွန်နိတ် အချိုရည်တွေ သောက်သုံးခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ။
အရက်
Source: BBC
အရက်တွေမှာ ကယ်လိုရီများပြားစွာ ပါဝင်နေပြီး အဟာရ ပါဝင်မှုမရှိသလောက် ရှားပါတယ်။ တစ်ညလောက် night out ထွက်ပြီး အရက်ဘီယာသောက်ခြင်းက ကယ်လိုရီ ထောင်ပေါင်းများစွာ စားသုံးမိစေတတ်ပါတယ်။ ဒါကြောင့်လည်း ဘီယာဗိုက် ဆိုပြီးအများက နာမည်ပေးထားကြတာပါ။
သကြား
Source: IndexBox
သကြား အလွန်အကျွန် စားသုံးခြင်းဟာ အဝလွန်ခြင်းနဲ့ဆီးချိုရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် သကြားစားသုံးမှုကို လျှော့ချသင့်ပါတယ်။
Fast food (အမြန်ရ အစားအစာများ)
Source: Eresarchnmarkets
Fast food တွေမှာ အဆီတွေ၊ သကြားတွေ၊ ဆားတွေ နဲ့ ကယ်လိုရီတွေ အများကြီးပါဝင်နေပါတယ်။ Fast food စားသုံးမူများခြင်းက အဝလွန်ရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။