အစားအသောက်က ကိုယ်အလေးချိန်ပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ တချို့အစားအသောက်တွေက ကိုယ်အလေးချိန် တက်စေပြီး တချို့စားသောက်စရာတွေက ဝိတ်ကျအောင် ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိတ်ချဖို့ လေ့ကျင့်ခန်းလုပ်နေသူတွေအတွက် ရှောင်ရမယ့် အစားအသောက်တွေအကြောင်း မျှဝေပေးလိုက်ရပါတယ်။

(၁) ဆီကြော်စာတွေ

French Fries

Photo: Unsplash

အာလူးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာဖြစ်ပေမယ့် အာလူးချောင်းကြော် ၊ အာလူးကြော်တွေကတော့ ကယ်လိုရီမြင့်မားသလို စားပြီးရင်း စားချင်ရင်း ဖြစ်စေလို့ ဝိတ်ကျဖို့ ရှောင်ရမယ့် အစားအသောက်ထဲမှာ ပါဝင်ပါတယ်။ အာလူးကြော်တွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ Acrylamides ဆိုတဲ့ အရာဝတ္ထုတွေ ပါတတ်တာကြောင့် အာလူးကို ကြော်စားတာထက် ဒီအတိုင်း ပြုတ်စားတာက အကောင်းဆုံးပါပဲ။

(၂) အချိုရည်တွေ

Sugary Drinks

Photo: Unsplash

သကြားဓါတ်မြင့်မားတဲ့ ဆိုဒါလိုမျိုး အချိုရည်တွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်သလို ကယ်လိုရီ အများကြီး ပါလို့ ကိုယ်အလေးချိန်တက်စေတဲ့အပြင် သင့်ကျန်းမာရေးပါ ထိခိုက်စေနိုင်ပါတယ်။ ခရမ်မာတွေ နဲ့ သကြားတွေ ပါဝင်ပြီး ကယ်လိုရီ မြင့်တဲ့ ကော်ဖီ Drinks တွေကလည်း ဝိတ်တက်စေနိုင်လို့ ဝိတ်ကျဖို့ Black Coffee ပလိန်းတစ်ခွက် သောက်ပေးနိုင်ပါတယ်။

(၃) ပေါင်မုန့်ဖြူ

White Bread

Photo: Unsplash

White Bread ဟာ သကြားဓါတ် ပါဝင်မှုမြင့်လွန်းတဲ့ အစားအသောက်တစ်ခု ဖြစ်ပါတယ်။ လူပေါင်း ၉၂၆၇ ဦးကို လေ့လာခဲ့တဲ့ စစ်တမ်းအရ တစ်နေ့ကို ပေါင်မုန့်ဖြူ ၂ ချပ်စားသူဟာ ဝိတ်တက်ဖို့နဲ့ အဝလွန်ဖို့ ၄၀% ပိုများတယ်လို့ ဆိုပါတယ်။ ကိတ်မုန့်တွေမှာလည်း သကြားဓါတ်များလွန်းလို့ ဝိတ်ကျချင်သူတွေ ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၄) Candy Bar

Candy Bars

Photo: Unsplash

ပေါင်မုန့်ဖြူလိုပါပဲ။ Snickers လို ချောကလက်အုပ်ထားတဲ့ Candy Bar တွေမှာ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ ဝန်းကျင် ပါရှိပါတယ်။ သန့်စင်ထားတဲ့ ဂျုံမုန့်နဲ့ ဆီတွေ ပါ ပါဝင်လို့ ကယ်လိုရီများပြီး ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ Candy Bar တွေလိုပဲ ကွတ်ကီးတွေ ပီဇာနဲ့ ပြုပြင်ထားတဲ့ အသားတွေကလည်း ဝိတ်တက်စေနိုင်ပါတယ်။

(၅) ဘီယာ

Beer

Photo: Unsplash

အယ်လ်ကိုဟောတွေမှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတိန်းထက် ကယ်လိုရီပါဝင်မှု ပိုများပါတယ်။ လောလောဆယ်တော့ အယ်လ်ကိုဟောနဲ့ ကိုယ်အလေးချိန်တက်မှုအကြား ရှင်းလင်းတဲ့ဆက်စပ်မှုတော့ မတွေ့ရသေးပါဘူး။ အရက်အလွန်အကျွံသောက်ခြင်းဟာ ဝိတ်တက်ခြင်းနဲ့ ဆက်စပ်မှုတွေတော့ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ဘီယာက ဝိတ်တက်စေနိုင်လို့ ဘီယာအစား ဝိုင်ကို အသင့်အတင့်သောက်ဖို့လည်း အကြံပြုကြပါတယ်။

Featured Photo: GQ India