ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရပေါ်လိုက်ပြီး လူတွေဟာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာတွေ အပြောင်းအလဲ ဖြစ်နေကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ကာယ မကျန်းမာမှုနဲ့ ထိခိုက်နာဖျားမှုတွေကို အာဟာရနဲ့ ကုသပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ များပြီး စိတ်ရှုပ်ထွေးနေတယ်ဆိုရင်လည်း အစားအသောက်နဲ့ ထိန်းညှိလို့ရပါတယ်။

(၁) Green Tea

Photo: Unsplash

အတော်များများက စိတ်ဖိစီးနေချိန်မှာ ကော်ဖီသောက်ရင် သက်သာတယ်လို့ ဆိုကြပါတယ်။ Green Tea က ကော်ဖီထက် ပိုပြီး ကောင်းတာကိုတော့ လူသိနည်းကြပါတယ်။ Green Tea ဟာ စိတ်ဖိစီးမှု တိုက်ဖျက်ရေးမှာ အကောင်းဆုံး အဖျော်တစ်မျိုး ဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

(၂) သစ်သီးသစ်ရွက်များ

Photo: Pexels

အမျှင်ဓါတ်မြင့်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေ မျှတအောင် စားပေးတာဟာ စိတ်ဖိစီးမှု ထိန်းညှိပေးနိုင်တဲ့ ဗိုက်တာမင် ဘီဓါတ် ၊ ခိုလိုင်းနဲ့ အိုမီဂါ ဖက်တီး သရီးတို့လို ဦးနှောက်ကို အာဟာရဖြစ်စေတဲ့ ဓါတ်တွေ ထုတ်ပေးနိုင်ပါတယ်။

(၃) ရေ

Photo: Pexels

ရေအေးအေး တစ်ဖန်ခွက်ဟာ စိတ်ရှုပ်နေချိန်အတွက် သက်သာစေတဲ့ ဆေးပါ။ ရေဓါတ်မပြည့်ဝတဲ့သူတွေဟာ စိတ်နဲ့ ရုပ် ဖိစီးမှုဒဏ်ကို သိသိသာသာ ခံစားရပါတယ်။ ရေလုံလောက်အောင် မသောက်ဖြစ်တဲ့ နေ့တွေမှာ ဇီဝကမ္မဖြစ်စဉ်ဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်တာကြောင့် စိတ်ပါ ဖိအားများလာစေနိုင်ပါတယ်။

(၄) ချောကလက်

Photo: Unsplash

Dark Chocolate တွေဟာ စိတ်ခံစားချက်ကို ထိန်းညှိပေးနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ချောကလတ်မှာ ပါတဲ့ ကကေအိုးသီးမှာ Polyphenols နဲ့ Micronutrientsဆိုတဲ့ စိတ်ဖိစီးမှုနဲ့ နှလုံးခုန်နှုန်းမြန်ဆန်မှုကို လျှော့ချပေးနိုင်တဲ့ ဓါတ်တွေ ပါဝင်ပါတယ်။

(၅) ကြက်ဥ

Photo: Pexels

ကြက်ဥတွေဟာ Omega-3 နဲ့ ဗိုက်တာမင် B12 ဓါတ်မြင့်မားတဲ့ စားသောက်ကုန်ဖြစ်ပါတယ်။ ခိုလိုင်းဓါတ်မြင့်မားတဲ့ ကြက်ဦတွေဟာ ဦီးနှောက်အတွင်း ဒိုဖာမင်းဓါတ် ဖြစ်အောင် ကူညီပေးနိုင်လို့ စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။