လေ့ကျင့်ခန်းလုပ်တယ် ဆိုတာက ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းပြီး ကျစ်လစ် လှပစေဖို့ပဲ ဖြစ်ပါတယ်။ကျန်းမာဖို့ပဲ ဖြစ်ဖြစ် လှပဖို့ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ အစားအသောက်ကိုလည်း ဆင်ခြင်ပြီး စားသုံးပေးရမှာပါ။ ဒီတစ်ခါ ပြောပြပေးချင်တာကတော့ Gym ကစားပြီးရင် စားပေးသင့်တဲ့ အစားအစာများပဲ ဖြစ်ပါတယ်။
(၁) ကြက်ဥ
Source: Pexels
Gym ကို ပိန်အောင်ပဲ ဆော့ဆော့၊ ဝအောင်ပဲ ဆော့ဆော့ ကြက်ဥကတော့ အဓိကကျတဲ့စားစရာပဲ ဖြစ်ပါတယ်။ ပိန်အောင်လုပ်တဲ့သူတွေလည်း ကြက်ဥပြုတ်တို့နဲ့ ကင်းလို့ မရသလို ဝအောင် လုပ်တဲ့သူတွေလည်း ကြက်ဥကို အများကြီး စားပေးရလို့ပါ။
(၂) အရည်ရွှမ်းတဲ့ အသီးများ
Source: Unsplash
လေ့ကျင့်ခန်းလုပ်တယ် ဆိုကတည်းက ချွေးထွက်များမှာပါ။ ချွေးထွက်တာက ကိုယ်တွင်းမှာ ရှိတဲ့ မကောင်းတာတွေကို ထုတ်လွှင့်ပေးတာပြီး အသားအရေကို ကြည်လင်စေပေမယ့် ချွေးထွက်များတာကတော့ ကိုယ်ခန္ဓာမှာရှိတဲ့ရေဓါတ်ကို လျော့နည်းစေနိုင်ပါတယ်။ Gym ဆော့ပြီး ချွေးထွက်များတယ်ဆိုရင် အရည်ရွှမ်းတဲ့အသီးအနှံ့မျိုးဖြစ်တဲ့ ဖရဲသီး၊ သဘောင်္သီးနဲ့ လိမ္မော်သီးတို့လိုမျိုးကို ရွေးချယ်စားသုံးပေးပါ။
(၃) ရေများများ သောက်ပါ
Source: Pexels
ရေသောက်တာကတော့ ကောင်းကျိုးတွေချည်း ရှိတဲ့အရာပဲ ဖြစ်ပါတယ်။ Gym ကစားပြီး ရေများများ သောက်ပေးတာကတော့ ကိုယ်တွင်းမှာ ရှိတဲ့သွေးလေတွေ လည်ပတ်မှုကို ပိုမို ကောင်းမွန်စေပြီး ချွေးတွေ ထွက်သွားတာကြောင့် ကုန်ဆုံးသွားတဲ့ရေဓါတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။
(၄) ငါးစားပါ
Source: Unsplash
ငါးမှာ ပါဝင်တဲ့ Omega 3 ဓါတ်ကတော့ မျက်လုံးတွေကို အားကောင်းစေရုံသာမကဘဲ ကိုယ်တွင်းမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ပြည့်စေနိုင်ပါတယ်။ ငါးကြီးဆီရဲ့ အားသာချက်ကတော့ တခြား အဆီတွေကို ဝိတ်မတက်စေနိုင်တဲ့အတွက် ကျန်းမာရေးနဲ့လည်း ကိုက်ညီပါတယ်