သွက်လက်ကြံ့ခိုင်ချင်ရင် အပြေးလေ့ကျင့်ခန်းလုပ်ဖို့ ပြောချင်ပါတယ်။ ပြေးစက်နဲ့ပဲ ပြေးပြေး အပြင်ကွင်းပြင်မှာပဲ ပြေးပြေး အပြေးလေ့ကျင့်ခန်းလုပ်တာဟာ နှလုံးသွေးကြောစနစ် ကျန်းမာရေး အထောက်အကူပြုပါတယ်။ ကယ်လိုရီတွေနဲ့ မလိုပိုလျှံတဲ့ အဆီတွေလည်း လျော့ကျစေပါတယ်။ စိတ်ဖိစီးမှု နည်းစေပြီး အိပ်လို့ကောင်းအောင်လည်း အပြေးလေ့ကျင့်ခန်းတွေက ကူညီပေးနိုင်ပါတယ်။

ဒီကျန်းမာရေးအကျိုးတွေ ရဖို့အတွက် အပြေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကြံ့ခိုင်မှုနဲ့ သက်လုံကောင်းစေဖို့ မပြေးခင် နာရီဝက်ကနေ ၁ နာရီအတွင်း အစာစားပေးထားဖို့ လိုပါတယ်။ မပြေးခင် စားမယ့်အစားအစာတွေဟာ ကယ်လိုရီပါဝင်မှု နည်းပြီး ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ ပေါ့ပေါ့ပါးပါး စားနိုင်မယ့် အစားအသောက်တွေ ဖြစ်ဖို့ လိုပါတယ်။ စားပေးသင့်တဲ့ အစားအသောက်တွေအနေနဲ့ –

(၁) မပြေးခင် ဘာတွေ စားပေးရမလဲ

Banana

Photo: Unsplash

အပြေးလေ့ကျင့်ခန်းမလုပ်ခင် ငှက်ပျောသီးစားပေးသင့်ပါတယ်။ ငှက်ပျောသီးကို မြေပဲထောပတ် ဒါမှမဟုတ် အယ်လ်မွန်ထောပတ်သုတ်ပြီး စားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပရိုတိန်း အသင့်အတင့်ပါပြီး ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ အုတ်ဂျုံကို ဘယ်ရီသီးတွေနဲ့ စားပေးနိုင်ပါတယ်။ အလွယ်တကူရနိုင်မယ့် ပေါင်မုန့်ထောပတ်သုတ် ၊ Cereal ခြောက်နဲ့ Snack Bar တွေလည်း စားနိုင်တာပါပဲ။

(၂) ပြေးပြီးရင် ဘာတွေ စားပေးရမလဲ

Protein Shake and Diet

Photo: Unsplash

ပြေးပြီးနောက်မှာလည်း ခန္ဓာကိုယ်နလန်ထမှုဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ပရိုတိန်းမြင့်မားတဲ့ အစားအစာတွေ စားပေးရမှာပါ။ Post-Workout Snack အနေနဲ့ ပရိုတိန်းမြင့်တဲ့ အစားအသောက်စားတာဟာ ကြွက်သားတစ်သျှူးတွေ ပြန်ကောင်းအောင် လုပ်ရာမှာ မြန်ဆန်စေနိုင်လို့ ဖြစ်ပါတယ်။ စားပေးသင့်တဲ့ အစားအသောက်တွေကတော့ ပရိုတိန်းရှိတ်ခ် ၊ ဒိန်ချဉ် Smoothie ၊ အခြောက်ခံထားတဲ့ အစေ့အဆ့တွေ ၊ နို့တစ်ခွက် နဲ့ ချောကလက် Protein Bar လေးတွေကို ရွေးချယ်စားပေးနိုင်ပါတယ်။