နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ။ နှလုံးကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် နှလုံးအမောဖောက်တာနဲ့ လေဖြတ်ဖို့အတွက်အန္တရာယ် မြင့်မားစွာ ရှိနေပါပြီ။ ဒီအန္တာရယ်တွေကို လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဘာတွေ စားပေးရမလဲဆိုတာကိုတော့ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

အဆီနည်းတဲ့ ပရိုတင်း စားပေးပါ

Source: Eat This, Not That

ပဲ၊ အခွံမာသီး၊ ငါးနဲ့ ကြက်သာတွေကို အဓိကစားပေးပါ။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ တစ်ပတ်ကို အနည်းဆုံး (၃.၅) အောင်စရှိတဲ့ ငါးကို စားပေးသင့်ပါတယ်။ အချို့ အသားတုံးတွေက အဆီတွေ ပိုပါတတ်လို့ အတတ်နိုင်ဆုံး အဆီနည်းတဲ့ အသားဓာတ်ပါတာတွေကို စားပေးပါ။

ဟင်းသီးဟင်းရွတ်များ

Source: Dairy Council of California

အသီးအရွက် သစ်သီးဝလံနဲ့ အနှံတွေကို များများ စားပေးပါ။ ဒီအစားအစာတွေထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ ပဲ၊ ပဲတောင့်ရှည်၊ အစေ့အဆံ၊ အခွံမာသီးတွေ များများစားပါ။

မပြည့်ဝဆီများကို ပိုစားပေးပါ

Source: Foodi Ideas

ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီတွေလို မပြည့်ဝဆီတွေက ထောပတ်တို့ စားအုန်းဆီတို့ထက် သွေးကြောတွေထဲ အဆီခဲတွေ ဖြစ်တာ နည်းစေပါတယ်။ ငါးကြီးဆီ များများပါတဲ့ ငါးတွေ စားပါ။ တူနာ၊ ဆော်လမွန်နဲ့ ဆာဒင်းငါးတွေလို ငါးတွေ များများစားပါ။  ငါးကြီးဆီက မကောင်းတဲ့ အဆီတွေကို လျှော့ချပေးပြီး သင့်သွေးကြောတွေထဲက အဆီခဲတွေကို ချေဖျက်ပေးပါတယ်။ ဒါ့အပြင် သွေးကျစေပြီး နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။