စိတ်ဖိစီးမှုတွေ စိတ်ရှုပ်ထွေးခြင်းတွေကို သက်သာစေဖို့ဆိုရင် ဖြည့်စွက်စားပေးရမယ့် အစားအစာတွေရှိပါတယ်။ ဒီအစားအစာတွေက လူတိုင်းစားနိုင်ပြီး ကုန်ကျစရိတ်လည်းများများစားစားမရှိပါဘူး။ ဒီတော့စိတ်ရှုပ်ထွေးနေရင် အခုပြောပြမယ့် အစားအစာတွေသာစားပေးပါ။

(၁) အမဲရောင်ချောကလက်

Source : Ladders

အမဲရောင်ချောကလက်မှာပါဝင်တဲ့ ကိုကိုးဓာတ်က စိတ်မကြည်လင်တာတွေ စိတ်ဖိစီးတာတွေကို အမြန်ဆုံးသက်သာစေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရလည်း ချောကလက်မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်က ခန္ဓာကိုယ်အတွက် ပျော်ရွှင်ဖွယ်ဟော်မုန်းဓာတ်တွေကိုလည်း ထုတ်လွှတ်ပေးတာကြောင့် စိတ်ညစ်စရာ စိတ်ရှုပ်စရာကြုံတိုင်းချောကလက် အနည်းငယ်စားပေးသင့်ပါတယ်။

(၂) ငှက်ပျောသီး

Source : The Indian Express

ငှက်ပျောသီးမှာ ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်တဲ့ အပြင်ပိုတက်စီယမ်ဓာတ် သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်များပြည့်ပြည့်ဝဝပါဝင်ပါတယ်။အဆိုပါဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အားအင်တွေ များစွာဖြစ်စေနိုင်သလို စိတ်ညစ်စရာတွေ စိတ်ဖိစီးတွေကို လျော့ကျစေဖို့ ကူညီပေးပါတယ်။

(၃) ရေ

Source : Right to Water

ရေဓာတ်အလုံအလောက်မရသူတွေမှာလည်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်အလိုမကျခြင်းများ အများဆုံးဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်တစ်နေ့ကို သောက်သုံးပေးသင့်တဲ့ ရေပမာဏအတိုင်း ပြည့်ဝစွာသောက်သုံးပေးဖို့လိုပါတယ်။ တစ်နေ့ကိုအနည်းဆုံး ရေ ၆ ခွက်ကနေ ၇ ခွက်ခန့် သောက်သုံးပေးရမှာဖြစ်ပါတယ်။

(၄) ဟင်းနုနွယ်

Source : Farm Flavor

အစိမ်းရောင်ဟင်းနုနွယ်တွေဟာ ဗီတာမင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက်တစ်မျိုးဖြစ်ပါတယ်။ စိတ်ခံစားမှုမကောင်းခြင်း စိတ်ကျရောဂါဖြစ်ခြင်းတွေဟာ ဗီတာမင်ဓာတ် အလုံအလောက်မရရှိတဲ့သူတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိတာကြောင့် စိတ်ညစ်လာတဲ့အခါ ဟင်းနုနွယ်ရွက်သာ စားလိုက်ပါ။