Migraine ဟာ ခေါင်းတစ်ခြမ်းဘက်မှာပဲ ဆိုးဆိုးဝါးဝါး နှိပ်စက်ကိုက်ခဲနေတဲ့ ဝေဒနာဖြစ်ပြီး လူတော်တော်များများ မကြာခဏဆိုသလို ကြုံဖူးကြမှာပါ။ ဒီဝေဒနာမျိုးဟာ အခြေအနေ ဆိုးချိန်မှာ အနည်းဆုံး ၂ နာရီကနေ အများဆုံး၃ ရက်လောက်အထိ ဒုက္ခပေးတတ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။
Source : Freepik
ခေါင်းတစ်ခြမ်းကိုက်နေပြီဆိုရင် အလိုလိုနေရင်း ပျို့အန်တာ ၊ အလင်း ၊ အသံနဲ့အနံ့တွေ မခံစားနိုင်တာတွေ ဖြစ်တတ်ပါတယ်။ Migraine ဖြစ်တာ သက်သာစေဖို့ဆိုရင်တော့ ဆေးသောက်တာအပြင် အခုပြောမယ့် အစားအစာတွေပါ စားပေးသင့်ပါတယ်။
(၁) အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝတဲ့ ဂေါ်ဖီ ၊ မုန်ညင်း ၊ ဆလတ်စတဲ့ အသုတ်တွေ ခေါင်းတစ်ခြမ်းကိုက်သူတွေအတွက် ဓါတ်စာအနေနဲ့သုံးဆောင်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။
(၂) ခေါင်းကိုက်တတ်သူတွေအတွက် ကော်ဖီဟာ အတော်လေးကို အသုံးတည့်လှပါတယ်။ ကဖိန်းဓါတ်ဟာ သွေးကြောအရွယ်အစားကို လျှော့ချပေးနိုင်တာကြောင့် ကော်ဖီခါးတစ်ခွက်ဟာ ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေမှာပါ။ ရာသီဥတုကြောင့် ခေါင်းကိုက်တာမျိုးမှာဆို ကော်ဖီဟာ ခေါင်းကိုက်ဝေဒနာအတွက် အသင့်ဆုံးလို့ပြောနိုင်ပါတယ်။
(၃) ခေါင်းထဲ ထိုးကိုက်နေတယ်ဆိုရင်တော့ ငှက်ပျောသီး စားပေးသင့်ပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်တဲ့ ငှက်ပျောသီးဟာ သွေးကြောတွေ တင်းပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။ ပိုတက်ဆီယံဓါတ် ပါဝင်မှု မြင့်မားတဲ့ ငှက်ပျောသီးဟာ ခန္ဓာကိုယ်တွင်းက အရည်ဓါတ်တည်ငြိမ်မှုအတွက် မရှိမဖြစ် ဓါတ်သဘာဝဖြစ်ပြီး ဒီဓါတ်သဘာဝကြောင့်ပဲ ငှက်ပျောသီးကို ခေါင်းကိုက်တတ်သူတွေ စားပေးသင့်တယ်လို့ပြောချင်ပါတယ်။
Source : Freepik
(၄) ငရုတ်သီးပူစပ်စပ်ဟာ ခေါင်းထဲ တင်းကြပ်နေတာတွေကို သိသိသာသာ လျော့ပါးအောင် ကူညီနိုင်ပါတယ်။ ဖိအားကို လျှော့ချပေးနိုင်ပြီး သွေးကြောနံရံတွေ သက်သာစေလို့ခေါင်းကိုက်ဝေဒနာ သက်သာစေမှာပါ။
(၅) ခေါင်းကိုက်ဝေဒနာခံစားနေရသူတွေဟာ ပေါင်မုန့်ကြမ်းကို စားပေးသင့်ပါတယ်။ ပေါင်မုန့်အဖြူထက်စာရင် ကာဘွန်ဟိုဒရိုက်ပိုနည်းတဲ့ ပေါင်မုန့်ညိုတွေ စားပေးသင့်ပါတယ်။ ကိုယ်ကာယစွမ်းအင်လည်း တက်လာစေသလို ခေါင်းကိုက်နေပြီဆိုရင် ထောပတ်နည်းနည်း သုတ်ပြီး စားလိုက်မယ်ဆိုရင် သက်သာရာ ရမှာပါ။
(၆) အာလူးကို အခွံ မခွာဘဲ စားပေးခြင်းကလည်း ခေါင်းကိုက်ခြင်းအတွက် အကောင်းဆုံး ဓါတ်စာလို့ပြောနိုင်ပါတယ်။ အာလူးခွံဟာ ပိုတက်ဆီယံဓါတ် ပြည့်ဝတာကြောင့် ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၇) ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက ကယ်လ်ဆီယံဓါတ် ချို့တဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒိန်ချဉ်ဟာ ကယ်လ်ဆီယံကြွယ်ဝတဲ့ အဟာရတစ်ခု ဖြစ်ပြီး တစ်နေ့ကို ဒိန်ချဉ် ၄.၅ အောင်စ အနည်းဆုံး သောက်သုံးတဲ့ အမျိုးသမီးတွေဟာ အစာမကြေလေပွခြင်းနဲ့ခေါင်းကိုက်ခြင်းတို့ကို သက်သာစေတယ်လို့တွေ့ရှိထားပါတယ်။
(၈) အယ်လ်မွန်စေ့ကို ဗာဒံစေ့လို့လည်း ခေါ်ပါတယ်။ ဗာဒံစေ့နဲ့လုပ်ထားတဲ့ မုန့်ပဲသရေစာတွေဟာ အမိုင်နိုအက်ဆစ်ဓါတ် မြင့်မားပြီး ဆီရိုတိုနင်ဆိုတဲ့ ဦးနှောက်အတွက် ကောင်းတဲ့ ဓါတ်တစ်မျိုး ထုတ်ပေးပါတယ်။ မဂ္ဂနီဆီယံဓါတ်ပေါကြွယ်ဝတဲ့ ဗာဒံစေ့ကို စားပေးမယ်ဆိုဂရင် ကြွက်သားနဲ သွေးကြောတွေကို အနားရပြီး ခေါင်းအုံခေါင်းနောက်မှုကို သက်သာစေမှာပါ။
Source : Freepik
(၉) အရည်ရွှမ်းပြီး အချိုဓါတ်ပါတဲ့ အသီးတစ်မျိုးကတော့ ဖရဲသီးဖြစ်ပါတယ်။ ရေဓါတ်ခန်းခြောက်မှုကို လျင်မြန်စွာ သက်သာစေတာကြောင့် ဦးနှောက်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ပိုထုတ်ပေးလို့ခေါင်းကိုက်ခြင်းကို လျော့ပါးစေမှာ ဖြစ်ပါတယ်။ တကယ်လို့ဖရဲသီး သိပ်မကြိုက်တဲ့သူဆိုရင်တော့ Vitamin C ကြွယ်ဝပြီး လူကို လန်းဆန်းစေမယ့် လိမ္မော်သီး ၊ ရှောက်သီးတို့စားပေးနိုင်ပါတယ်။
(၁၀) ရေဓါတ်ကြွယ်ဝတဲ့ အသီးတွေဟာ ခန္ဓာကိုယ်ရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးတာကြောင့် ရေဓါတ်ခန်းလို့ဖြစ်တဲ့ ခေါင်းမူးခေါင်းနောက်တာနဲ့ထိုင်းမှိုင်းတာတွေ သက်သာစေပါတယ်။