လူတွေရဲ့ နေ့စဉ်ဘဝမှာ အလုပ်အများဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုက ဦးနောက်လို့ ပြောနိုင်ပါတယ်။ မလှုပ်မရှားဘဲ နေမိတယ်ဆိုရင်တောင်မှ မတွေးဘဲ မမှတ်သားဘဲ မနေနိုင်တာ ဦးနောက်ပါပဲ။

တစ်နေ့တစ်နေ့ အချက်အလက် သန်းထောင်ပေါင်းများစွာကို မှတ်သားရတဲ့ ဦးနောက်ကို ကြံ့ခိုင်ကျန်းမာစေဖို့ဆိုတာ အရေးကြီးပါတယ်။ ဦးနောက်နဲ့ မှတ်ဥာဏ်ပိုင်း ကျန်းမာမှသာ နေ့စဉ်ဘဝပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက ဦးနောက်အားကောင်းဖို့ အစားအသောက်နဲ့ ထိန်းညှိနိုင်တာပါ။

သိပ္ပံပညာရှင်တွေကတော့ ဦးနောက်မှတ်ဥာဏ်အားကောင်းစေဖို့ ဒီအစားအသောက် ၁၀ မျိုးနဲ့ ပြုပြင်နိုင်တယ်လို့ ဆိုပါတယ်။

(၁) အခွံမာသီးနှင့် အစေ့အဆံများ

Source: pexels

အယ်လ်မွန်သီးလို အခွံမာအသီးတွေမှာ အိုမီဂါ ၃ အက်ဆစ်နဲ့ ဗိုက်တာမင်အီးဓါတ်တွေ ပါဝင်လို့ အာရုံကြော ဆဲလ်တွေကို ကာကွယ်ပေးပြီး ဦးနောက်အား ကောင်းစေတယ်လို့ ဆိုပါတယ်။ အစေ့အဆံအနေနဲ့ ပဲ ၊ ပြောင်း ၊ နေကြာ ၊ ဖရုံစေ့လိုမျိုး အမိုင်နိအက်ဆစ်နဲ့ ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသင့်ပါတယ်။ ဒီလို အစေ့အဆံနဲ့ အခွံမာသီးတွေဟာ အဆာပြေ အစားအစာအဖြစ်လည်း စားပေးသင့်တဲ့ အစားအစာတွေအဖြစ် ဦးနောက်နဲ့ အာရုံကြောပညာရှင်များမှ ထောက်ခံထားပါတယ်။

(၂) ဆယ်လ်မွန်နဲ့ အဆီကြွယ်သော ငါးများ

Source: pexels

ဆယ်လ်မွန်ငါးတွေဟာ အိုမီဒါဖက်တီး သရီးအက်ဆစ်ကြွယ်ဝပါတယ်။ တူနာ ၊ ဆာဒင်းလိုငါးတွေကလည်း ဦးနောက်ထဲက အရွယ်ရင့်မှု ဖြစ်စဉ်ကို ထိန်းပေးနိုင်တာကြောင့် အယ်လ်ဇိုင်းမားလို ဝေဒနာမျိုးအဖြစ်နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ ငါးစားခြင်းဟာ စိတ်ဓါတ်ကျမှုတွေ ၊ စိတ်ရှုပ်ထွေးမှုတွေကိုပါ သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

(၃) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

Source: pexels

ဒီလို အသီးအရွက်တွေမှာ ဦးနောက်အတွက် အောက်ဆီဂျင်စီးဆင်းမှုကို အကူအညီပေးမယ့် သံနဲ့ ဗိုက်တာမင် ဘီဓါတ် ၊ ကိုယ်ခံအားနဲ့ စိတ်တက်ကြွစေနိုင်တဲ့ ဗိုက်တာမင်စီဓါတ် အပြင် အိုမင်းမှုကို နှေးကွေးစေမယ့် ဗိုက်တာမင် ကေဓါတ်တွေ ကြွယ်ဝပါတယ်။

(၄) ချောကလက်အနက်ရောင်

Source: pexels

ဦးနောက်တွင်း သွေးစီးဆင်းမှု လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်အတွက် ခွန်အားနဲ့ လုပ်ဆောင်နိုင်စွမ်းကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

(၅) ခရမ်းချဉ်သီး

Source: pexels

ဈေးချိုသလောက် အဖိုးတန်နတဲ့ မီးဖိုချောင်သုံး သီးနှံထဲမှာ ခရမ်းချဉ်သီးလည်း ပါပါတယ်။ ဦးနောက်ဟာ အဆီတွေနဲ့ အဓိက ဖွဲ့စည်းထားတာဖြစ်လို့ ဒီအဆီတွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုဖို့ အရေးကြီးပါတယ်။ ခရမ်းချဉ်သီးမှာ Lycopene နဲ့ ဘီတာကာရိုတင်းလို့ ခေါ်တဲ့ ခန္ဓာကိုယ်ထဲက အဆီတွေကို ကာကွယ်ပေးမယ့် ကာရိုတင်း ၂ မျိုး ပါဝင်ပါတယ်။ ခရမ်းချဉ်သီးကို အရွယ်တင်စေဖို့၊ ဦးနောက်ဆဲလ်ကာကွယ်ဖို့နဲ့ မှတ်ဥာဏ်ကောင်းစေဖို့ တွဲဖက်အစားအစာအနေနဲ့ စားပေးသင့်ပါတယ်။

(၆) ဥအမျိုးမျိုး

Source: pexels

လူတော်တော်များများက ကြက်ဥ ၊ ဘဲဥတွေကို ပရိုတိန်းအတွက် စားတာ များပေမယ့် ကျန်းမာရေးအတွက် ဒီဥအမျိုးမျိုးရဲ့ တစ်ခြား တန်ဖိုးတွေကို လူသိနည်းပါတယ်။ စိတ်ကျန်းမာရေးအတွက် အင်ဇိုင်းတွေကို ညှိပေးမယ့် Choline ဓါတ်ပေါင်းတစ်ခု ပါဝင်တာကြောင့် ဦးနောက်ဆဲလ်တွေ အားကောင်းစေပါတယ်။

(၇) ဘယ်ရီသီးများ

Source: pexels

နွယ်သီးမျိုးနွယ်ဝင်တဲ့ ဘယ်ရီသီးတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်မျိုးစုံ ထောက်ပံ့ပေးနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်တာမင် စီ နဲ့ ကေ ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ အမျှင်ဓါတ် နှင့် တစ်ခြား အာဟာရဓါတ်များ ပါဝင်ပါတယ်။ ဦးနောက်ကျန်းမာရေး ပိုကောင်းစေသလို မှတ်ဥာဏ်ကို မြှင့်တင်ပေးနိုင်မယ့် သစ်သီးဝလံများလည်း ဖြစ်ပါတယ်။

(၈) Green Tea

Source: pexels

လက်ဖက်စိမ်းကတော့ ရာစုနှစ်ပေါင်းများစွာ ဆေးအဖြစ်သုံးလာတဲ့ သောက်စရာတစ်မျိုး ဖြစ်ပါတယ်။ လက်ဖက်စိမ်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးမျိုးစုံအပြင် ကင်ဆာလိုမျိုး ရောဂါကြီးတွေကိုပါ အဖြစ်နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အစားအသောက်တစ်မျိုးပါ။ လက်ဖက်စိမ်းမှာ L-Theanine လို့ ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ပါဝင်တာကြောင့် အာရုံစူးစိုက်မှုအားကောင်းစေပြီး ၊ ခံစားချက်ကိုပါ ထိန်းညှိပေးနိုင်တယ်လို့ ၁၄၉၃ ခုနှစ်ကတည်းက ဂျပန်သိပ္ပံပညာရှင်များက တွေ့ရှိထားတာပါ။

(၉) ဟင်းခတ်အမယ်ပစ္စည်းများ

Source: pexels

မြန်မာမှာတော့ ကလျာနီလို ခေါ်တဲ့ အရွက်ဖားဖား ဟင်းရွက် ၊ ကရဝေး ၊ ပင်စိမ်းနဲ့ ပူစီနံတို့ကိုလည်း ဦးနောက်နဲ့ မှတ်ဥာဏ်အားကောင်းစေဖို့ စားပေးသင့်ပါတယ်။

(၁၀) ဝိုင်နီ

Source: pexels

အယ်လ်ကိုဟောဓါတ်မြင့်တဲ့ အရက်ပြင်းတွေရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်း ကြားဖူးကြမှာပါ။ ဝိုင်နီကတော့ သင့်ရုံ သုံးဆောင်မယ်ဆိုရင် ဦးနောက်ကို လန်းဆန်းတက်ကြွစေတဲ့အပြင် အနားယူလိုက်သလို သက်တောင့်သက်တာ ရှိစေပါတယ်။