ဦးနှောက်ကျန်းမာနေစေဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် စိတ်ဖောက်ပြန်မှုနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကို လျှော့ချပေးတဲ့နေရာမှာ အစားအသောက်က အရေးပါတယ်ဆိုတာကို လူအများစုသတိမထားမိကြပါဘူး။ လေ့လာမှုတွေအရ တစ်ချို့သောအစားအစာတွေက ဒီရောဂါကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဘယ်လိုအစားအစာတွေ စားပေးရမလဲဆိုတာ ကြည့်လိုက်ရအောင်။
ဘယ်ရီသီးများ

Source: Modern Farmer
ဘယ်ရီသီးတွေမှာ ဦးနှောက်အတွက် အလွန်အကျိုးပြုတဲ့ flavonoids ဓာတ်တွေကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသီးမျိုးစုံစားတဲ့ လူထောင် ပေါင်းများစွာကို နှစ်ပေါင်း (၂၀) ကြာလေ့လာခဲ့ရာမှာ ဘယ်ရီသီးမကြာခဏစားတဲ့လူတွေဟာ မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်နိုင်ချေ အနည်းဆုံးရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာရေးအတွက် ဘယ်ရီသီးတွေ စားဖို့မမေ့နဲ့နော်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

Source: Balance by bistroMD Blog
ဟင်းသီးဟင်းရွက်စားခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ တကယ်မှန်ပါတယ်။ ဒီ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေဖြစ်တဲ့ ဖော်လိတ်၊ ဗီတာမင် အီး နဲ့ carotenoids ဓာတ်တွေ ပါဝင်ပါတယ်။ ဒေါက်ခွရွက်၊ ကိုက်လန်၊ ဆလတ်ရွက်လို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတဲ့ရွေးချယ်မှုဖြစ်ပြီး အသက်ရလာလို့ မှတ်ဉာဏ်ချို့ယွင်း နိုင်ခြေကိုလည်း လျော့ချပေးပါတယ်။
အစေ့အဆံများ

Source: BBC Good Food
ပြုပြင်ထားတဲ့သွားရည်စာတွေနဲ့ အချိုများတဲ့သွားရည်စာတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲ့ဒါတွေစားမယ့်အစား ဦးနှောက်လုပ်ဆောင်ချက် အားကောင်းစေမဲ့ ဗီတာမင်အီဓာတ် မြင့်မားစွာပါဝင်တဲ့ အစေ့အဆံတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
တစ်ပတ်ကို အနည်းဆုံး (၁) ကြိမ်လောက် ငါးစားသုံးပေးပါ

Source: Treehugger
ငါးကို စဉ်ဆက်မပြတ်စားသုံးတဲ့ အသက် (၆၅) နှစ်ကျော်လူတွေက ငါးစားတာနည်းပြီး အသားကို ပိုစားကြတဲ့ သူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်အားပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ငါးမှာ ပါဝင် ဗီတာမင် B-6 နဲ့ B-12 က ဦးနှောက်အတွက် အကျိုးကျေးဇူးတွေရှိပါတယ်။
