ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အစားအသောက် diet လုပ်ခြင်းကလည်း Alzheimer (မှတ်ဉာဏ်ချွတ်ယင်းခြင်း) ရောဂါဖြစ်ခြင်းကို လျှော့ချပေးနိူင်တယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ဒီနေ့တော့ Alzheimer (မှတ်ဉာဏ်ချွတ်ယင်းခြင်း) ရောဂါကို ဖြစ်ခြင်းကို လျှော့ချပေးနိူင်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။

ဘယ်ရီသီးများ

Source: Dieta Biltres

ဘယ်ရီသီးတွေမှာ ဦးနှောက်ကို အလွန်အကျိုးပြုသော ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ လေ့လာမူတွေအရ ဒီဒြပ်ပေါင်းတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို သိသိသာသာတိုလားစေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဘလူးဘယ်ရီ၊စတော်ဘယ်ရီ စတဲ့ဘယ်ရီသီးတွေကို ဦးနှောက်ကျန်းမာရေးအတွက် စားသုံးပေးဖို့ လိုအပ်ပါတယ်။

အစိမ်းရောင်ဟင်သီးစဟင်းရွတ်များ

Source: Balance by bistroMD Blog

ဟင်းသီးဟင်းရွတ်တွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာ ဆိုတာ ငြင်းလို့မရပါဘူး။ နံနံပင်၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွတ် စတဲ့ အစိမ်းရောင်ရှိ ဟင်သီးစဟင်းရွတ်တွေဟာ ဦးနှောက်ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

အစေ့အဆန်များ

Source: Food Navigator

ပြုပြင်ထားတဲ့ အစေ့အဆန်တွေအစား လှော်ထားတဲ့ အစေ့အဆန်တွေကို သရေစာအနေဖြင့် စားသ့ုးပေးပါ။ ဗီတာမင် အီး ပါဝင်တာကြောင့် ဦးနှောက်အလုပ်လုပ်ခြင်းကို ကောင်းမွန်စေပါတယ်။ အစေ့အဆန်တွေကို ဘယ်ရီသီးတွေနဲ့ ရောနှောစားသုံးခြင်းဖြင့်လည်း ဦးနှောက်စွမ်းဆောင်ရည်ကို မြှင်တင့်ပေးနိူင်ပါတယ်။

ငါး

Source: Go Restaurants

လေ့လာမူတွေအရ ငါးကိုပုံမှန်စားသုံးပေးတဲ့သူတွေမှာ မစားပေးတဲ့သူထက် ဉာဏ်ရည်မြှင့်မားကြောင်း ပြောဆိုထားပါတယ်။ ငါးတွေမှာ ဘီ ၆ နှင့် ဘီ ၁၂ ကဲ့သို့သော ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါဝင်နေပါတယ်။ ပညာရှင်တွေကတော့ ငါးကို တစ်ပက် တစ်ကြိမ်လောက် စားသုံးပေးသင့်တယ်လို့ အကြံပေးထားကြပါတယ်။