ကမ္ဘာ့ ပထမဆုံးသော မိုက်ကရိုဝေ့ဖ်စက်ကို ၁၉၄၀ ခုနှစ်လောက်က စတင်တီထွင်ခဲ့တာဖြစ်ပြီး ယနေ့ခေတ် အိမ်တိုင်းလိုလိုမှာ အသုံးပြုနေကြတဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဖ်တွေဟာ လွယ်ကူလျင်မြန်စွာနဲ့ အစားအသောက်တွေချက်ပြုတ်နိုင်ခြငး ၊ ပြန်နွေးခြင်းတို့ပြုလုပ်နိုင်တဲ့အတွက် အိမ်ရှင်မတွေအတွက်တော့ အသုံးတည့်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ သို့သော်လည်း တချို့သောအစားအစာတွေက မိုက်ကရိုဝေ့ဖ်ထဲထည့်ချက်မယ်ဆိုရင် ကျန်းမာရေးထိခိုက်စေနိုင်သလို အန္တရာယ်လည်းဖြစ်စေနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေက မိုက်ခရိုဝေ့ထဲ ထည့်မချက်သင့်ဘူးလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
(၁) ကြက်ဥပြုတ်

ကြက်ဥပြုတ်ကို မိုက်ကရိုဝေ့ဖ်ထဲတွင် အပူပေးသည့်အခါ ရေမော်လီကျူးများမှတဆင့် ရေနွေးငွေ့တက်လာပြီး လေဖိအားတစ်ခုဖြစ်လာစေပါတယ်။ ကြက်ဥမှာရှိတဲ့ အလွန်ပါးလွှာတဲ့အမြှေးပါးနှင့် အခွံတို့က အဆိုပါဖိအားကို ခံနိုင်ရည်မရှိတဲ့ကြောင့် မိုက်ကရိုဝေ့ဖ်အတွင်းမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်လာနိုင်ပါတယ်။
(၂) မုန်လာဥနီ

မုန်လာဥနီကို မိုက်ကရိုဝေ့ဖ်ထဲတွင် ချက်ပြုတ်နိုင်တယ်ဆိုပေမယ့် အခွံမနွာရသေးတဲ့ မုန်လာဥနီအစိမ်းကိုထည့်ချက်မယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ မုန်လာဥနီကို စနစ်တကျဆေးကြောခြင်းမရှိဘူးဆိုရင် ဖုန်နဲ့ မြေကြီးတွေကပ်နေနိုင်ပြီး အဆိုပါ မြေကြီးမှုန်တွေမှာရှိတဲ့ဓာတ်သတ္တုများက မိုက်ကရိုဝေ့ဖ်အတွင်း ဓာတ်ပြုပြီး မီးလောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၃) ရေ

မိုက်ကရိုဝေ့ဖ်အတွင်း ရေထည့်ပြီး အပူပေးတာက လွယ်ကူတဲ့ကိစ္စတစ်ခုလို့ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော်လည်း လေ့လာမှုတွေအရ မိုက်ကရိုဝေ့ဖ်ထဲ ရေနွေးကြိုခြင်း ရေကိုအပူပေးခြင်းက မီးလောင်မှုဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဖ်မီးဖိုမှာရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ရေကိုအပူပေးလိုက်တဲ့အခါမှာ ပြင်းထန်တဲ့ ဆူပွက်မှုဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် မီးလောင်ခြင်း ပေါက်ကွဲခြင်းတွေအထိဖြစ်လာစေနိုင်ပါတယ်။
(၄) ငရုတ်သီး

ငရုတ်သီးမှာ capsaicin လို့ခေါ်တဲ့ဒြပ်ပေါင်းတွေများစွာပါဝင်ပြီး ၎င်းက မီးလောင်ခြင်းကို လွယ်လွယ်ကူကူဖြစ်စေနိုင်ပါတယ်။ မိုက်ကရိုဝေ့ဖ်မီးဖိုမှာရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ capsaicin တို့ထိတွေ့အတွက် မီးခိုများထွက်လာစေပြီး သိပ်မကြာခင်မှာပဲ မီးလောင်ခြင်းကိုဖြစ်လာစေနိုင်ပါတယ်။ မိုက်ကရိုဝေ့ဖ်မှ ထွက်လာတဲ့ မီးခိုတွေက အရေပြားယားယံခြင်း နီမြန်းခြင်းတွေဖြစ်စေနိုင်ပြီး အရေပြားကိုပျက်စီးနိုင်စေပါတယ်။
Source : Brightside
