အပေါင်းအသင်းတွေ နဲ့ မိသားစုဝင်တွေ တစ်နေရာရာကို သွားပြီး Outdoors ဖြစ်ဖြစ် ခြံနောက်ဖေး မြေကွက်လပ်ကျယ်မှာ ဖြစ်ဖြစ် တပျော်တပါး ချက်စားကြတာကို Cookout ပါတီလို့ ခေါ်ကြပါတယ်။ Cookout ပါတီတွေက များသောအားဖြင့် အနောက်နိုင်ငံတွေမှာ နွေဦးပေါက်ရာသီမျိုးရောက်ချိန် လုပ်လေ့ရှိကြပါတယ်။ Cookout ချက်စားကြပြီဆိုရင် ချိစ်ဘာဂါ ၊ ပိုင်မုန့် ၊ ပြောင်းဖူးမီးကင် ၊ မယောနိစ်နဲ့ အရွက်သုတ် ၊ ဘီယာပုလင်းတွေက မပါမဖြစ်ပါပဲ။ အဲ Cookout ပါတီမှာ မပါသင့်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။
(၁) စည်သွပ်ဗူး အစားအသောက်တွေ

Photo: thedailymeal
Canned Food တွေက အလွယ်စားနိုင်အောင် ထုတ်ထားတဲ့ အသင့်စားတွေ ဖြစ်ပြီး တူနာ ၊ ဆယ်လ်မွန်လို ငါးသေတ္တာဗူးတွေက ရုံးချိန်နေ့လည်စာအဖြစ် အမြန်ဖောက်စားလို့ အဆင်ပြေပေမယ့် Cookout ပွဲတွေမှာ ထည့်သွင်းလို့ တော့ မကောင်းပါဘူး။ ငါးသေတ္တာဗူးတွေအပြင် စည်သွပ်ဗူးနဲ့ ထည့်ထားတဲ့ အသားတွေလည်း Cookout လုပ်ရင် ရှောင်ကြဉ်ဖို့ ပြောချင်ပါတယ်။
(၂) ချိစ်ပလိတ်

Photo: thedailymeal
ချိစ်ပလိတ်တွေက ဒင်နာပါတီတို့မှာ တည်ခင်းစားသောက်လေ့ရှိပါတယ်။ ပျော်ပွဲစားထွက်ရာမှာ စားမယ်ဆိုရင်လည်း အအေးခန်း Cooler ထဲ ထည့်ပြီး အမြန်ထုတ်စားသင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နွေရာသီ Cookout ပွဲတွေမှာ ချိစ်ပလိတ်တွေ က သိပ်ပြီးခရမ်များလွန်းတာကြောင့် နေရောင်အောက်မှာတင် တစ်နာရီအတွင်း စားမရအောင် ပျက်ပြီး ပွဲတည်မလှ ဖြစ်တတ်ပါတယ်။
(၃) ချောကလက်

Photo: thedailymeal
ချောကလက်ကလည်း နေရောင်အောက်မှာ ကြာကြာမခံတဲ့ အစားအသောက်ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ချိစ်ပလိတ်လိုပါပဲ။ ချောကလက်တွေလည်း နွေရာသီ Cookout နဲ့ အဆင်မပြေလို့ ချောကလက်အစား ချယ်ရီတို့ ဘလူးဘယ်ရီတို့လို သစ်သီးပိုင်လေးတွေ လုပ်စားဖို့ အကြံပေးချင်ပါတယ်။
(၄) Dark Beer

Photo: thedailymeal
Stout တို့ Porters တို့ လို Dark Beer တွေက ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်း နွေရာသီ Cookout နဲ့တော့ သိပ်မလိုက်သလိုပါပဲ။ Light Lager နဲ့ Ale လောက်ဆို နွေရာသီက အဆင်ပြေပြီးသားပါ။ Dark Beer တွေက ပုံမှန်ထက် အရသာပိုခါးလို့ အသားနဲ့ အသီးအရွက်ကင်လိုမျိုး အမြည်းနဲ့ တွဲစားမှ အခါးသက်သာပါတယ်။ သကြားဓါတ်မြင့်တဲ့ Carbonated Beer တွေကျတော့လည်း ဗိုက်ပြည့်လွယ်လို့ တခြားအစားအသောက်တွေ အရသာခံနိုင်မှာ မဟုတ်လို့ ရှောင်ကြဉ်ဖို့ ပြောချင်ပါတယ်။
(၅) ဆီကြော်စာတွေ

Photo: thedailymeal
ဘာဂါနဲ့ အာလူးချောင်းကြော်တွေက Fast Foods တွေရဲ့ သင်္ကေတလို့ ပြောရလောက်အောင် ကျော်ကြားပါတယ်။ ဒါပေမယ့် Cookout ပွဲတွေမှာ အာလူးချောင်းကြော်တွေ စားမယ့်အစား Side Dishes အနေနဲ့ ပဲစေ့မီးဖုတ် နဲ့ ပြောင်းဖူးကင်လေးတွေ လုပ်ထားတာက ပိုပြီး အဆင်ပြေသလို ဧည့်ခံလို့ တင့်တယ်ပါတယ်။
Featured Photo: thehealthy
