ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တဲ့ ယောကျာ်းများအတွက် အရေးကြီးဆုံးအချက်ကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများသည် ခန္ဓာကိုယ်တွင် အဆီပိုများ စုပုံစေနိုင်သလို အဆိပ်အတောက်လည်း ဖြစ်စေပါတယ်။

ဒါဆိုရင် ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်သလဲ။

မုန့်ဖုတ်အစားအစာများ

foods to avoid for men

ဒိုးနတ်၊ ကိတ်၊ ကွတ်ကီးစတဲ့ အစားအစာတွေက အရသာရှိတယ်ဆိုပေမယ့် သူတို့ထဲမှာ သကြားပါဝင်မှု အင်မတန်များပြားတဲ့အတွက်ကြောင့် ဆီးချိုတက်စေပြီး အစာချေစနစ်ကိုလည်း နှောင့်နှေးစေပါတယ်။ ဝိတ်ကျချင်သူများအနေနဲ့ ဒီအစားအစာများကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

နို့ချောကလက်

foods to avoid for men

Dark Chocolate ကတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အတွက်ကြောင့် စူပါအစားအစာအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမဲ့ နို့ချောကလက်ကတော့ သကြားပါဝင်မှု များပြားပြီး သွားပိုးစားစေတဲ့အပြင် အဝလွန်ခြင်းကိုလည်း ဖြစ်ပေါ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

အာလူးချောင်းကြော်

foods to avoid for men

အားချစ်သူများအတွက် ဝမ်းနည်းစရာသတင်းကတော့ အာလူးချောင်းကြော်များသည် အဆီပိုများ တက်စေပြီး နှလုံးရောဂါကိုတောင် ခံစားရစေနိုင်ပါတယ်။

သစ်သီးဖျော်ရည်များ

foods to avoid for men

ဒီအချက်ကတော့ သင် သစ်သီးဖျော်ရည်ကို ဖျော်တဲ့ပုံစံပေါ် မူတည်ပါလိမ့်မယ်။ သင့်အနေနဲ့ အိမ်မှာပဲ ဘာအရသာမှ မထည့်ဘဲ သစ်သီးရဲ့သဘာဝအရသာအတိုင်း ဖျော်ကာ သောက်သုံးမယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ ဆိုင်ဖျော်သစ်သီးများ (သို့) သကြား၊ နို့ဆီများ အလွန်အကျွံ ထည့်ထားမယ်ဆိုရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားရစေပါတယ်။

ရေခဲမုန့်

foods to avoid for men

ရေခဲမုန့်များရဲ့အားနည်းချက်ကတော့ တစ်ခါစားပြီးရင် ထပ်ခါတလဲလဲ စားချင်လာအောင် ဆွဲဆောင်တာပါပဲ။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ရေခဲမုန့်ထဲမှာပါဝင်တဲ့ အချိုဓာတ်က ဦးနှောက်ထဲရှိ Serotonin လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ဟော်မုန့်ကို လှုံ့ဆော်ပေးပြီး ချိုတဲ့အစားအစာများကို ထပ်စားချင်လာအောင် လုပ်ဆောင်တာပဲဖြစ်ပါတယ်။

Source: Mensjournal.com

Featured Image Source: Freepik.com