တစ်ချို့လူတွေက အစားအစာတွေကို ကျက်အောင်ချက်ပြီးစားတာထက် အစိမ်းစားရတာကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ တစ်ချို့အစားအသောက်တွေက အစိမ်းစာရင် ကျန်းမာရေးပြသာနာတွေနဲ့ရင်ဆိုင်ရတတ်ပါတဘ်။ ဒီနေ့ kwee ကအစိမ်းမစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
ကြက်ဥ
Source: Healthline
ကြက်ဥအစိမ်းတွေမှာလည်း Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥကို စားမယ်ဆိုရင် အကာရော၊ အနှစ်ပါ အနည်းငယ်မာလာတဲ့ အခြေအနေလောက်ထိ ကျက်မှ စားသုံးသင့်ပါတယ်။
အာလူး
Source: Medical News Today
အစိမ်းရောင်ဖြစ်နေတဲ့ အာလူးရဲ့ အစိတ်အပိုင်းတွေမှာ solanine လို့ခေါ်တဲ့ ခါးသက်သက် အရသာရှိတဲ့ ပစ္စည်းလေးတွေပါပါတယ်။ အဲဒီ ပစ္စည်းလေးတွေကလည်း ဝမ်းပျက်တာ၊ ဖျားနာတာတွေဖြစ်စေတာကြောင့် အာလူးကိုလည်း အစိမ်းမစားသင့်ပါဘူး။
မှိုရိုင်း အမျိုးမျိုး
Source: Discover Magazine
အချို့မှိုတွေမှာ အသည်းကို ထိခိုက်စေပြီး အခြားပြင်းထန်တဲ့ ကျန်းမာရေးပြသနာတွေကို ဖြစ်စေနိုင်တဲ့ အဆိပ်အတောင့် လေးတွေပါဝင်တာကြောင့် မှိုကိုလည်း သေချာချက်ပြီးမှ စားကြဖို့ အကြံပေးပါရစေ။
ဂျုံနှင့်ဆန်မှုန့်များ
Source: My Beauty Naturally
တချို့က မုန့်တွေလုပ်တဲ့အခါ ဂျုံမှုန့်တွေ၊ ဆန်မှုန့်တွေကို နယ်ပြီး အစိမ်းအတိုင်း အရသာကို မြည်းကြည့်တတ်ကြပါတယ်။ အဲဒီ မကျက်သေးတဲ့ အမှုန့်တွေမှာ အစာလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ E.coli လို့ခေါ်တဲ့ ပိုးလေးတွေပါပါတယ်။ ဒါ့ကြောင့် မကျက်သေးဘဲ မြည်းကြည့်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးငယ်တွေ ဂျုံမှုန့်တွေနဲ့ နယ်ပြီး ကစားတဲ့အခါမျိုးမှာ ပါးစပ်ထဲမထည့်မိစေဖို့ ဂရုစိုက်ပေးသင့်ပါတယ်။
အသားစိမ်း၊ ငါးစိမ်းများ
Source: Freepik
အသားတွေ၊ ငါးတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြားကပ်ပါးကောင်တွေအများကြီး ကပ်ပါလာနိုင်ပါတယ်။ အသား၊ ငါးတွေကို အစိမ်းစားမယ်ဆိုရင် အဲဒီပိုးမွှားလေးတွေကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်း နဲ့ အစာအဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားစိမ်း၊ ငါးစိမ်းတွေကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးသင့်ပါတယ်။