စားတက်ရင်ဆေး၊ မစားတက်ရင်ဘေးဆိုသလို အစားအသောက်များစွာဟာ စားတက်ရင်အာဟာရဖြစ်စေပေမယ့် မစားတက်ရင်တော့ ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ မိမိတို့အနေနဲ့ ဘယ်လိုအစားစာတွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို အခြေခံလောက်သိထားကြပေမယ့် ဘယ်အချိန်တွေမှာစားရင်တော့ ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို မေ့လျော့နေတက်ပါတယ်။

အများစုဟာ ဗိုက်ဆာမခံဘဲ နည်းနည်းလောက်ဗိုက်ဆာသလိုဖြစ်လာတာနဲ့ စားမိလိုက်ကြတာများပါတယ်။ ဒါကြောင့် ဘယ်အစားစာတွေဟာ ညဘက်လုံးဝမစားသင့်တော့ဘူးလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

(၁) ပန်းသီး

Source: alibaba.com

ပန်းသီးဟာ ဝိတ်ချချင်သူတွေအတွက် အသင့်တော်ဆုံးအသီးအနှံတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပန်းသီးဟာအစာချေစနစ်ကို နှောင့်နှေးစေတာကြောင့် တစ်ခါစားပြီးရုံနဲ့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်ပါတယ်။ ဒါပေမယ့် ညဘက်စားရင်တော့ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားဖို့လိုပါတယ်။

(၂) အချိုရည်

Source: EcoWatch

အချိုရည်အများစုဟာ ဝိတ်တက်ဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ သင့်အနေနဲ့ ညဘက်မှာအချိုရည်များစွာ သောက်သုံးပါက လွယ်ကူစွာဝိတ်တက်နိုင်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း ပိုများလာပါလိမ့်မယ်။

(၃) ထမင်းနဲ့အနီရောင်ရှိသော အသားများ

Source: nutritionadvance.com

ည(၈)နာရီနောက်ပိုင်း ထမင်းနဲ့အသားဟင်းတွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ထမင်းနဲ့အသားဟင်းတွေဟာ အစာမကြေဖြစ်နိုင်တဲ့အပြင် ရင်ပြည့်ရင်ကယ်ခြင်းဝေဒနာတွေလည်း ခံစားရနိုင်ပါတယ်။ အကောင်းဆုံးကတော့ အရွက်သုပ်တစ်မျိုးမျိုး၊ ဆီနည်းနည်းနဲ့ကြော်ထားတဲ့ အရွက်ကြော်များသာ စားသုံးသင့်ပါတယ်။

(၄) ကော်ဖီ

Source: The Independent

ကော်ဖီမှာ လန်းဆန်းတက်ကြွစေတဲ့ Caffeine ဓာတ်တွေ များစွာပါနေတာကြောင့် သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ကော်ဖီကို မနက်ခင်းနဲ့ နေလည်နေခင်းတွေမှာ သောက်သုံးပေးတာက ပိုပြီးသင့်တော်ပါတယ်။

(၅) အသင့်စား Snacks ထုပ်များ

Source: myrecipes.com

အသင့်စား Snacks ထုပ်တွေဖြစ်တဲ့ အာလူးကြော်၊ ကြက်သွန်ပေါင်းကြော်၊ ပေါက်ပေါက်ဆုပ် စတဲ့ Snack အမျိုးမျိုးမှာ ကယ်လိုရီတွေများစွာ ပါဝင်နေတာကြောင့် လုံးဝစားသုံးဖို့ မသင့်တော်ပါဘူး။ သင်ဟာအဲ့လို Snack တွေ စားရတာကြိုက်ရင်တော့ နေ့ခင်းဘက် အဆာပြေအနေနဲ့ အနည်းငယ်သာစားသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

Featured Image Source: Mother Nature Network