ယနေ့ခေတ်မှာ လူတွေက အစားအသောက်အရည်အသွေးအပေါ် အရင်ကထက်ပိုပြီး ဂရုစိုက်လာကြတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ လူတွေက အစားအသောက်တွေကို မှားယွင်းတဲ့နည်းလမ်းတွေနဲ့ စားသောက်နေကြတယ်ဆိုတာကို သတိမထားမိဘဲ ရှိနေတက်ကြပါတယ်။ စတော်ဘယ်ရီတွေ၊ ဒိန်ချဉ် နဲ့ ပဲ တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေဖြစ်ပေမယ့် နည်လမ်းမှန်မှန်နဲ့ မစားဘူးဆိုရင် အာဟာရဓာတ်တွေ မရဘဲရှိနေတက်ပါတယ်။ ဒီနေ့တော့ တစ်ချို့လူတွေ အစားအစာတွေကို ဘယ်လိုမှားယွင်းစွာစားသောက်နေကြသလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ကညွတ်

ကညွတ်ကို မိုက်ခရိုဝေ့ထဲ ထည့်ပြီးချက်ပြုတ်စားသောက်ခြင်းကို လုံးဝရှောင်ကြည်သင့်ပါတယ်။ အချိန်မရဘူးဆိုရင်တောင် ကညွတ်ကို မိုခရိုဝေ့ထဲမထည့်ပါနဲ့။ အာဟာရဓာတ်တွေဟာ ရေထဲမှာပျော်ဝင်နိုင်တာကြောင့် ကညွတ်မှာပါဝင်တဲ့ ဗီတာမင် စီ ဓာတ်လျော့ကျသွားနိုင်ပါတယ်။
ကီဝီ

ကီဝီသီးအခွံမှာ အမျှင်ဓာတ်၊ ဖော်လိတ် နဲ့ ဗီတာမင် အီး စတဲ့အာဟာရဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ကီဝီသီးကို အခွံပါစားမယ်ဆိုရင် အမျှင်ဓာတ် (၅၀) ရာခိုင်နှုန်း၊ ဗီတာမင် အီး (၃၂) ရာခိုင်နှုန်း နဲ့ ဖော်လိတ် ဓာတ် (၃၄) ရာခိုင်နှုန်း တို့ကို ရရှိမှာဖြစ်ပါတယ်။ လူအများစုကတော့ ကီဝီသီးကို အခွံခွာပြီး စားကြတာကြောင့် အာဟာရဓာတ်တွေ အပြည့်အဝ မရကြတာများပါတယ်။
စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးဟာ အခြားအနီရောင်အသီးတွေလိုပဲ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က ဒီလိုအာဟာရဓာတ်တွေလိုအပ်တဲ့အတွက် ဒီအသီးကိုလှီးဖြတ်ပြီး မသိမ်းထားသင့်ပါဘူး။ စတော်ဘယ်ရီသီးကို လှီးဖြတ်လိုက်တဲ့အခါ အလင်းရောင်နဲ့ အောက်စီဂျင်တွေနဲ့ ထိတွေ့မိတဲ့အတွက် စတော်ဘယ်ရီထဲမှာ ပါဝင်တဲ့အာဟာရဓာတ်တွေ အလွယ်တကူဆုံးရှုံးသွားစေပါတယ်။
ပဲအမျိုးမျိုး

ခြောက်သွေ့နေတဲ့ပဲတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ (Phytate) ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်တွေက ပဲမှာပါဝင်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖုံးကွယ်ထားပါတယ်။ ဒါကြောင့် ပဲမချက်ခင် တစ်ညလုံး ရေနဲ့ စိမ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဒိန်ချဉ်

ဒိန်ချဉ်ဗူးကို ဖွင့်လိုက်တဲ့အခါ အကြည်ရည်ကို မကြာခဏတွေ့ရတတ်ပါတယ်။ အဲဒီအကြည်ရည်မှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင် B12 ပါဝင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်သောက်တဲ့အခါ အကြည်ရည်လေးတွေ့ရင် သွန်မပစ်ပါနဲ့။ နှံ့အောင် မွှေပေးလိုက်တာက အကောင်းဆုံးပါပဲ။
Source: Bright Side
