အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုဖိုင်အသစ်ထဲမှာ ဒေါသထွက်နေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ အင်္ဂလန်နဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမတိုင်မီ ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ပွဲမတိုင်မီ များပြားလှတဲ့ လူအုပ်ကြီးဟာ ကွင်းဝင်လက်မှတ် မပါဘဲ ဝင်ဘလေကွင်းထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ဗီဒီယိုရုပ်သံ ရိုက်ကူးခြင်းခံခဲ့ရတာဖြစ်ပြီး ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေဟာ လုံခြုံရေးတွေနဲ့ အကာအရံတွေ တားဆီးထားတဲ့ကြားက အတင်းကျော်ဖြတ်ပြီး လက်မှတ်ရုံကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ လက်မှတ်ရုံကို အရောက်မှာပဲ ပိုက်ဆံပေးထားပြီး လက်မှတ်မရသေးလို့ ဒေါသတကြီး စောင့်ဆိုင်းနေတဲ့ အင်္ဂလန်ပရိသတ်တွေနဲ့ ထိပ်တိုက်တိုးခဲ့ကြပြီး ရန်ပွဲကြီး စတင်ခဲ့တာဖြစ်ပါတယ်။

Footage Showing Thousands Of England Fans Singing 'Sweet Caroline' Outside Wembley At 2pm Is Insane

Photo: AP

လက်ရှိအချိန်မှာတော့ ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေကို ဒေါသတကြီး ထိုးကြိတ် ကန်ကျောက်နေတဲ့ ရုပ်သံဖိုင်တွေဟာ လူမှုကွန်ရက်မှာ တော်တော်လေး ပျံ့နှံ့နေခဲ့ပြီဖြစ်ပြီး လုံခြုံရေးတွေက တံခါးကို အကာအကွယ်လုပ်ထားခဲ့ပေမယ့် ခွကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေကို လွတ်မြောက်မသွားအောင် အင်္ဂလန်ပရိသတ်အများအပြားက ထိုးကြိတ်ကန်ကျောက်ပြီး တားဆီးခဲ့တာဖြစ်ပါတယ်။ ကျူးကျော်ဝင်ရောက်လာတဲ့လူတွေထဲက ဆယ်ကျော်သက်တစ်ဦးဟာဆိုရင် အရွယ်ရောက်ပြီးသား အမျိုးသားကြီးတစ်ဦးရဲ့ ထိုးကြိတ်ခြင်းကို ခံခဲ့ရပြီး အာရှနွယ်ဖွားအမျိုးသားတစ်ဦးဟာဆိုရင်လည်း လူအများအပြားက ခေါင်းကို ဝိုင်းဝန်း ကန်ကျောက်တာ ခံခဲ့ရတာကို ရုပ်သံဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဆယ်ကျော်သက်လူငယ်ကတော့ နောက်ဆုံးမှာ ကွင်းလုံခြုံရေးတွေ အစောင့်အရှောက်နဲ့ ခေါ်ထုတ်သွားခဲ့လို့ သက်သာရာ ရခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူအချို့က ကျူးကျော်ဝင်ရောက်သူတွေအနေနဲ့ အခုလို ထိုးကြိတ်ခံရတာ ထိုက်တန်တယ်လို့ ထင်မြင်ခဲ့ပေမယ့် အခြားလူတွေကတော့ ဝင်ဘလေကွင်းလို နိုင်ငံ့အားကစားကွင်းကြီးထဲမှာ ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးတာကြောင့် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။