အီဂျစ်ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ အယ်လ်မက်အသင်းရဲ့ နည်းပြ အယ်ဒ်ဟမ် အယ်လ်ဆယ်ဟာဒါးဟာ ပြီးခဲ့တဲ့တစ်ပတ်က အီဂျစ်ဒုတိယတန်းလိဂ်ပွဲစဉ်မှာ အောင်ပွဲခံနေစဉ် ရုတ်တရက် သေဆုံးခဲ့တယ်လို့ Mirror သတင်းမှာဖော်ပြထားပါတယ်။

football-manager-dies-from-heart-attack-while-celebrating-last-minute-winner
Photo : Sport Centar

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အယ်လ်မက်အသင်းက အယ်လ်ဇာကာကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး ပွဲချိန် ၉၂ မိနစ်မှာ ၎င်းအသင်းရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်းယူအပြီး အောင်ပွဲခံနေစဉ် ရုတ်တရက် နှလုံးဖောက်ကာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အယ်လ်ဆယ်ဟာဒါးဟာ အသင်းရဲ့ အနိုင်ဂိုးရရှိခဲ့မှုအပေါ် အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပြီးနောက် နှလုံးဖောက်ခဲ့တာကြောင့် ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ကြပြီး အရေးပေါ်ဆေးကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အသက်ဆုံးပါးသွားခဲ့တာပါတယ်။

၎င်းရဲ့သေဆုံးမှုကို အတည်ပြုခဲ့ပြီးနောက်မှာတော့ အယ်လ်မက်အသင်းအနေနဲ့ နောက်တစ်ပတ်မှာ ပိုင်အိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို ဆိုင်းငံ့ထားခဲ့ပြီး နည်းပြ အယ်လ်ဆယ်ဟာဒါးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ခြောက်ရက်ကြာပြုလုပ်သွားမယ်လို့ သိရပါတယ်။

football-manager-dies-from-heart-attack-while-celebrating-last-minute-winner

Photo : Daily Mail

အယ်လ် ဆယ်ဟာဒါးဟာ လက်ရှိအီဂျစ်ဘောလုံးလောကမှာ အလွန်လေးစားစရာကောင်းတဲ့ နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ၎င်းရဲ့ကစားသမားဘဝဖြတ်သန်းခဲ့မှုမှာလည်း ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အလယ်လောက်မှာ အစ်မိုင်လီအသင်းနဲ့အတူ အီဂျစ်ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ပြည်တွင်းဖလားတွေကိုလည်း ရရှိပိုင်ဆိုင်ခဲ့ဖူးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

နည်းပြ အယ်လ် ဆယ်ဟာဒါးလက်ရှိကိုင်တွယ်ခဲ့တဲ့ အယ်လ်မက် အသင်းဟာ ကြာသပတေးနေ့ကနိုင်ပွဲကြောင့် ၉ ပွဲကစားပြီးမှာ ၁၄ မှတ် ရရှိထားကာ အီဂျစ်ဒုတိယတန်းလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာကို တက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Featured Photo : The Sun