လက်ဖျံတက်တူးများသည် တက်တူးချစ်သူများအကြား တက်တူးထိုးလို့ ကောင်းတဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အင်္ကျီလက်တိုဝတ်ရင်လည်း ကိုယ့်ရဲ့တက်တူးကို အများမြင်သာအောင် ဖော်ထုတ်ပြသနိုင်ပြီး တကယ်လို့ တက်တူးကို ဖုံးထားချင်တယ်ဆိုရင်လည်း အင်္ကျီလက်ရှည် ဝတ်လိုက်ရုံပါပဲ။

သင့်အနေနဲ့ အခုမှပထမဆုံးတက်တူးထိုးမယ်လို့ ဆုံးဖြတ်ထားတာဆိုရင်တော့ လက်ဖျံမှာတက်တူးထိုးတာ အကောင်းဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ထိုနေရာသည် နာကျင်မှုအနည်းဆုံးခံစားရမယ့်နေရာဖြစ်လို့ပါပဲ။

လက်ဖျံပေါ်မှာ ဘယ်လိုအမိုက်စားတက်တူးများကို ရေးထိုးနိုင်မလဲဆိုတော့ …

ကျားနဲ့ နှင်းဆီပန်းပွင့်ပုံတက်တူး

Forearm Tattoos for Men

ကျားပုံတက်တူးကတော့ ရဲစွမ်းသတ္တိရှိခြင်းကို ဖော်ပြနေတာဖြစ်ပြီး နှင်းဆီပန်းကတော့ ဆန့်ကျင်ဘက်အဓိပ္ပာယ်တစ်ခုဖြစ်တဲ့ နူးညံ့ပျော့ပျောင်းခြင်းကို ကိုယ်စားပြုပါတယ်။ သင့်အနေနဲ့ နှင်းဆီပန်းပုံတက်တူးမထိုးချင်ဘူးဆိုရင်တော့ ကျားပုံတက်တူးနဲ့ လိုက်ဖက်မယ့်တက်တူးတစ်ခုကိုတော့ သေချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။

လက်ဖျံအတွင်းပိုင်းမှာ ရေးထိုးနိုင်တဲ့တက်တူး

Forearm Tattoos for Men

တြိဂံဘောင်အတွင်း ရေလှိုင်းလုံးများ ရိုက်ခတ်နေတဲ့ ပုံဖြစ်ပါတယ်။ သဘာဝအလှတရားကို ချစ်မြတ်နိုးသူများအတွက် ရေးချယ်သင့်တဲ့တက်တူးတစ်ခုပါ။ ဒါပေမဲ့ လက်ဖျံအတွင်းပိုင်းမှာ တက်တူးထိုးတဲ့အခါ တံတောင်နဲ့ ခပ်ဝေးဝေးရေးထိုးဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တံတောင်နဲ့နီးလေ နာကျင်မှုက အနည်းငယ်ပိုလာလေပါပဲ။

မြွေပုံတက်တူး

Forearm Tattoos for Men

ရှည်ရှည်မျောမျောမြွေပုံတက်တူးသည်လည်း လက်ဖျံပေါ်မှာ ရေးထိုးတဲ့အခါ လိုက်ဖက်တဲ့တက်တူးတစ်ခု ဖြစ်ပါတယ်။

နီနီရဲရဲ နှင်းဆီတက်တူး

Forearm Tattoos for Men

နှင်းဆီပုံတက်တူးများသည် လှပခြင်း၊ မျှော်လင့်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ရှေးရှေးတုန်းကဆိုရင် သင်္ဘောသားတို့သည် နှင်းဆီပန်းပွင့်ပုံတက်တူးကို ရေးထိုးကြပြီး မိမိကို အိမ်မှာစောင့်ဆိုင်းနေတဲ့ချစ်ခင်သူတွေကို သတိတရရှိနေချိန်မှာ ပျော်ရွှင်ရတဲ့ ခံစားချက်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

ခြင်္သေ့ပုံတက်တူး

Forearm Tattoos for Men

ခြင်္သေ့ပုံတက်တူးများသည်လည်း တက်တူးချစ်သူများအကြား ရေပန်းစားတဲ့တက်တူးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ဖျံမှာရေးထိုးထားတဲ့ ခြင်္သေ့တက်တူးသည် ခွန်းအားပြည့်ဝခြင်း၊ မိမိကိုယ်ကို ယုံကြည်ချက်ရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်။

နဂါးပုံတက်တူး

Forearm Tattoos for Men

လက်ဖျံပေါ်မှာ ရေးထိုးဖို့အတွက် နောက်ထပ်ရွေးချယ်နိုင်တဲ့ တက်တူးဒီဇိုင်းကတော့ နဂါးပုံတက်တူးပဲ ဖြစ်ပါတယ်။ နဂါးပုံတက်တူးသည် တရုတ်ရိုးရာတက်တူးတစ်ခုလည်းဖြစ်သလို ဂျပန်ရိုးရာတက်တူးတစ်ခုအဖြစ်လည်း ယူဆနိုင်ပါတယ်။ တကယ်လို့သင်သည် နဂါးနှစ်မှာ မွေးတာဆိုရင်တော့ နဂါးပုံတက်တူးလေးကို ရွေးချယ်နိုင်ပါတယ်။

မြှားပုံတက်တူး

Forearm Tattoos for Men

မြှားပုံတက်တူးတစ်ခုတည်း ရေးထိုးထားခြင်းသည် ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်သို့ အရောက်သွားနိုင်ကြောင်း ရည်ညွှန်းတဲ့တက်တူးတစ်ခုပဲဖြစ်ပါတယ်။ မြှားပုံတက်တူးနှစ်ခု ရေးထိုးထားရင်တော့ သူငယ်ချင်းသံယောဇဉ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

သံလိုက်အိမ်မြှောင်ပုံတက်တူး

Forearm Tattoos for Men

ရှေးတုန်းကတော့ သံလိုက်အိမ်မြှောင်ပုံတက်တူးကို သင်္ဘောသားအများစု ရေးထိုးကြပါတယ်။ အခုနောက်ပိုင်းမှာတော့ သင်္ဘောသားမှမဟုတ်ပါဘူး။ လူငယ်တော်တော်များများလည်း ရေးထိုးလာကြပါတယ်။ သံလိုက်အိမ်မြှောင်ပုံတက်တူးသည် ကံကောင်းစေတဲ့သင်္ကေတတစ်ခုဖြစ်ပြီး လမ်းမှန်သို့ရောက်အောင် ညွှန်ပြပေးတဲ့တက်တူးတစ်ခုလို့လည်း ယူဆနိုင်ပါတယ်။

ဇီးကွက်ပုံတက်တူး

Forearm Tattoos for Men

ဇီးကွက်များသည် ညဘက်တွင် အစာရှာထွက်လေ့ရှိကြပြီး အမှောင်ထဲမှာ မြင်နိုင်စွမ်းအားရှိတဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်ပါတယ်။ ထိုအချက်ကြောင့် ဇီးကွက်ပုံတက်တူးသည် အခက်အခဲများ၊ စိတ်ဓာတ်ကျစရာများကို ကျော်ဖြတ်နိုင်တဲ့တက်တူးတစ်ခုအဖြစ် အဓိပ္ပာယ်သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

Source: Thetrendspotter.net

Featured Image Source: