ချစ်တင်းမနှောခင် ကြိုတင် နှိုးဆွလှုံ့ဆော်မှုလို့ခေါ်တဲ့ Foreplay အဆင့်ကို ကျော်မသွားမိဖို့ လိုပါတယ်။ Foreplay ဟာ သင်နဲ့ သင့်ပါတနာကြား ရင်းနှီးမှု ပိုမိုရစေပြီး စိတ်တူကိုယ်တူနဲ့ ပြည့်စုံကောင်းမွန်စွာ ခရီးရောက်နိုင်ဖို့ များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Foreplay အဆင့်မှာ ချစ်သူလေးကို အကောင်းဆုံး နှိုးဆွလှုံ့ဆော်ပေးနိုင်ဖို့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။
(၁) အချိန်သေချာယူပြီး တဆင့်ချင်းသွားပါ
Photo : CreateVista
Foreplayအဆင့်မှာ အရေးကြီးဆုံးက သေချာအချိန်ယူ လုပ်ဆောင်ဖို့ ပါပဲ။ ပွေ့ဖက်နမ်းရှုံ့တာ ၊ ပွတ်သပ်နှိုးဆွ ပေးတာတွေအပါအဝင် ပါတနာရဲ့ ခန္ဓာကိုယ်ကို လေ့လာခြင်းဖြင့် သူမရဲ့ နှစ်သက်မှု အကြိုက်တွေကို အချိန်ယူရှာဖွေပြီး ဖြည်းဖြည်းနဲ့ နှေးနှေး သွားမယ်ဆိုရင် သူမအတွက် ပိုမိုပြီးပြည့်စုံတဲ့ ခံစားမှုကို အပြည့်အဝ ရစေမှာ အသေအချာပါပဲ။
(၂) ခံစားမှုမြင့်တဲ့ နေရာတွေကို အနမ်းပေးပါ
Photo : CreateVista
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ခံစားမှု အမြင့်ဆုံး နေရာတွေ ရှိပါတယ်။ ဥပမာအားဖြင့် လည်တိုင် ၊ ရင်ညွှန့် ၊ ဗိုက်သားပြင်နဲ့ လက်ကောက်ဝတ်လို နေရာတွေပါ။ ဒီလိုနေရာလေးတွေကို ထိထိမိမိ အနမ်းတွေ ပေးတက်ဖို့ လိုပါမယ်။ ခံစားမှုမြင့်တဲ့ နေရာ အစိတ်အပိုင်းလေးတွေကို ဦးစားပေး ပွတ်သပ်နှိုးဆွတာဟာ လိင်စိတ်နိုးကြားမှုကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ရင်ခုန်စေမယ့် စကားလေးတွေ ပြောပေးပါ
Photo : CreateVista
နှိုးဆွမှု လုပ်ဆောင်နေချိန် ချစ်သူပါတနာအတွက် ရင်ခုန်စေမယ့် အချစ်စကားလေးတွေ ပြောသင့်ပါတယ်။ တစ်ခါတစ်လေမှာ ညစ်ညမ်းတဲ့ အချစ်စကားလေးတွေဟာ နားရှက်စရာကောင်းတယ် ထင်ရပေမယ့် တဖက်မှာတော့ ရင်ခုန်သံတွေ အမြင့်ဆုံး မြှင့်တင်ပေးနိုင်တယ် ဆိုတာလည်း သိထားဖို့ လိုပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ကြွစေမယ့် ရင်ခုန်စရာ အချစ် စကားလေးတွေကိုလည်း ပြောပေးဖို့ မမေ့ပါနဲ့။
Source : My Fit Brain
Featured Photo : CreateVista