နိုင်ငံယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုပေါ် မူတည်ပြီး အနောက်တိုင်းဆန်ဆန် Formal ဖက်ရှင် တွေကို သိပ်မဝတ်ဖြစ်ပေမယ့် သင့်အနေနဲ့ ထို Fashion စည်းမျဉ်း တွေကို သိထားမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

Formal ဖက်ရှင်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ထားသလဲ

Formal Fashion စည်းမျဉ်း

ယေဘုယျအားဖြင့် သင်သည် ပွဲတက်ဖိတ်စာ တစ်စောင် လက်ခံရရှိထားတယ်ဆိုပါစို့။ ထိုပွဲအတွက်ဝတ်ဆင်ဖို့ ရွေးချယ်တော့မယ်ဆိုရင်တော့ Formal ဖက်ရှင်မျိုးကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ဟိုနား ဒီနား သွားသလို ပေါ့ပေါ့ပါးပါးဖက်ရှင်များ ရွေးချယ်လို့ မရတော့ပါဘူး။ တကယ့်ကို ဟိတ်ဟန်အပြည့်နဲ့ Classic စတိုင်လ် ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ ဒါဆိုရင် Formal Fashion အတွက် ဘယ်လို စည်းမျဉ်း တွေကို သိထားသင့်သလဲ။

Formal ဖက်ရှင်နဲ့ Semi Fromal ဖက်ရှင်က ဘာကွာသလဲ

Formal Fashion စည်းမျဉ်း

Formal ဖက်ရှင်ဆိုတာကတော့ အနောက်တိုင်းဝတ်စုံကိုမှ ရှပ်အင်္ကျိ၊ နက်ခ်တိုင်၊ ခါးပတ် စသည်ဖြင့် ဝတ်စုံပြည့် ဆင်မြန်းရတာဖြစ်ပြီး Semi-Formal ကျတော့ တီရှပ်နှင့် တွဲဖက်ဝတ်ဆင်နိုင်တာဖြစ်ပါတယ်။ သင့်အနေနဲ့ နက်ခ်တိုင်တို့ ခါးပတ်တို့ကို မဝတ်လည်း ရပါတယ်။

သက်သောင့်သက်သာဖြစ်ဖို့လည်း မမေ့ပါနဲ့

Formal Fashion စည်းမျဉ်း

Formal ပဲဖြစ်ဖြစ် Casual ပဲဖြစ်ဖြစ် ကိုယ် ရွေးချယ်ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်သည် သက်သောင့်သက်သာဖြစ်ဖို့က အရေးအကြီးဆုံးပဲမဟုတ်လား။ ဒါကြောင့် အရမ်း ကြပ်ထုတ်လွန်းတဲ့ အဝတ်အစားမျိုးကိုလည်း မရွေးချယ်မိဖို့လိုအပ်ပါတယ်။ ပွယောင်းလွန်းတဲ့ အဝတ်အစားများ ကျပြန်တော့လည်း ကိုယ့်ရဲ့ဖက်ရှင်အပေါ် ယုံကြည်မှုကျဆင်းသွားစေပြန်ပါတယ်။ ဒါ့ကြောင့် ဖက်ရှင်လည်းကျပြီး ကိုယ့်အတွက်လည်း သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်အစားမျိုးကိုသာ ရွေးချယ်လိုက်ပါ။

အရိုးရှင်းဆုံးသာ ပြင်ဆင်ပါ

Formal Fashion စည်းမျဉ်း

သင့်အနေနဲ့ အလွန်အကျွံ မပြင်ဆင်မိဖို့ရန်လည်း အင်မတန်အရေးကြီးပါတယ်။ တခါတရံမှာ ကိုယ်က ဖက်ရှင်ကျချင်ဇောနဲ့ ဝတ်စားဆင်ယင်မိလိုက်တဲ့အခါ သင့်ရဲ့ Formal ဖက်ရှင်သည် အိုဗာဖြစ်သွားပြီး Fashion စည်းမျဉ်း ကို ချိုးဖောက်ရာကျသွားပါတယ်။

သဘာဝဆန်သော အရောင်များကို ရွေးချယ်ဝတ်ဆင်ပါ

ဖက်ရှင်

သင့်အနေနဲ့ အရောင်များကို အမျိုးမျိုး ကစားကာ ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။ သို့သော် သဘာဝနဲ့ နီးစပ်တဲ့အရောင်များကိုသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။ ဒါ့မှ သင့်ဖက်ရှင်က သဘာဝဆန်ဆန် ခန့်ညားလှပနေမှာမဟုတ်လား။

Sneakers ဖိနပ်များနှင့်လည်း ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်

ဖက်ရှင်

သင့်အနေနဲ့ ရှူးဖိနပ်များ မဝတ်ဆင်ချင်တဲ့အချိန်မှာလည်း Sneakers ဖိနပ်များဖြင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ သို့သော် သင့်ရဲ့ Sneakers က အားကစားဖိနပ်မျိုးဘက်သွားတဲ့ Sneakers မျိုးမဟုတ်ဘဲ ပွဲတက်အခမ်းအနားနဲ့ လိုက်ဖက်တဲ့ Sneakers မျိုးဖြစ်ရင် ပိုမိုသင့်တော်ပါလိမ့်မယ်။

Source: Fashionbeans

Featured Image: Fashionbeans