အာဆင်နယ်ဂိုးသမားဟောင်း မတ် ရိုင်ယန်က မာတင် အိုဒီဂတ်ဟာ အနာဂတ်မှာ ရီးရဲလ် ဆိုစီဒက်အသင်းကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Mat-Ryan

Photo: Dailycannon

အိုဒီဂတ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီအတွင်း ရီးရဲလ် ဆိုစီဒက်မှာ အငှားကစားသမားနဲ့ သွားရောက်ကစားခဲ့စဉ် ကစားသမားဘဝ အကောင်းဆုံးပုံစံအချို့ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

လာလီဂါအသင်းဟာ နော်ဝေလက်ရွေးစင်ကြယ်ပွင့်ကို ပြန်လည်ခေါ်ယူဖို့ ယခုနှစ်အစတုန်းက ကြိုးပမ်းခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟာ မြောက်လန်ဒန်ကို ကနဦး အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရွေးချယ်စရာသာ ရှိခဲ့တာဖြစ်ပါတယ်။

Odegaard

Photo: Sportsmax.tv

အဲဒီအငှားကာလအတွင်း အိုဒီဂတ်ဟာ ရီးရဲလ် ဆိုစီဒက်ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ဂိုးသမား ရိုင်ယန်နဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး သြစတြေးလျဂိုးသမားက နော်ဝေကွင်းလယ်ကစားသမားဟာ လာလီဂါကို ပြောင်းရွှေ့ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့သလို အိုဒီဂတ်က တစ်နေ့မှာ လာလီဂါကလပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

martin-odegaard-real-sociedad

Photo: beINSPORT

“ရီးရဲလ်ဆိုစီဒက်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ မသိခင်ကတည်းက အိုဒီဂတ်က ရီးရဲလ်အကြောင်း ပြောပြခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာ သူ ကစားဖူးခဲ့လို့ပါ။ ရီးရဲလ် ဆိုစီဒက်က အရမ်းကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ အသင်း၊ ဒီမှာနေရတဲ့ဘဝ၊ လူတွေအားလုံးက အရမ်းကောင်းပါတယ်”

“အခုတော့ ကျွန်တော် သူပြောတာ သဘောတူသွားပါပြီ။ သူက အာဆင်နယ်မှာ သက်တောင့်သက်သာရှိနေပေမယ့် သူ တစ်နေ့ ဒီကို ပြန်လာဖို့ ဆန္ဒရှိတယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Photojoiner.net