လီဗာပူးကစားသမားဟောင်းဖြစ်သူ ကော်တင်ညိုဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် လီဗာပူးကနေ ဘာစီလိုနာကို ပေါင် (၁၄၂) သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သူပါ။ ဘာစီလိုနာမှာ ခြေစွမ်းမပြနိူင်တာကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ ဘေယန်မြူးနစ် အသင်းထံ အဌားချထားခြင်း ခံခဲ့ရပါတယ်။

Source: Leicester Mercury

ဘွန်ဒက်လီဂါမှာ (၈) ဂိုးသွင်းယူထားပြီး (၆) ဂိုးဖန်တီးပေးပြီးခြေစွမ်းပြနိူင်ခဲ့ပေမယ့် ဘေယန်ကတော့ အဆိုပါကစားသမားကို စာချုပ်ပါလျှော်ကြေး ပေါင် (၁၀၉) ပေးပြီး အပြီးသက်ခေါ်ယူလိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။

Sport ရဲ့ ဖော်ပြချက်အရ ကော်တင်ညိုကို ပေါင် (၇၉) သန်းနဲ့ (၆၆) သန်းကြား ရရှိခဲ့ရင် ဘာစီလိုနာအသင်းက ရောင်းချသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ အင်တာတိုက်စစ်မူး Lautaro Martinez ကိုခေါ်ယူဖို့အတွက် ကော်တင်ညိုကို ရောင်းချကာ ငွေကြေးရှာဖွေနိူင်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

Source: Metro

ပရီးမီးယားလိဂ်ကို ပြန်လည်ချေချဖို့ ရာခိုင်နှုန်းများနေတဲ့ ကော်တင်ညိုကို လီဗာပူးရဲ့ခါးသီးပြိုင်ဘက် မန်ယူကလည်း ခေါ်ယူနိူင်ဖို့ ချိတ်ဆက်မူတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

စပိန်သတင်းစာတခုကတော့ ချဲလ်ဆီးဟာ အဆိုပါ အသက် (၂၇) အရွယ်ကစားသမားကို ခေါ်ယူနိူင်ဖို့ အခွင့်အရေးပိုများကြောင်း ဖော်ပြထားပါတယ်။

Source: TalkSport

ချဲလ်ဆီးနည်းပြ လမ်းပက်ဟာ တိုက်စစ်ပုံဖော်နိူင်ဖို့အတွက် အေဂျက် အသင်းကတော့ ကွင်းလယ်တိုက်စစ်ကစားသမား Hakim Ziyech ကိုပေါင် (၃၃) သန်းဖြင့်ခေါ်ယူနိူင်ထားပြီဖြစ်ပါတယ်။ ကစားသမား တရားဝင် မိတ်ဆက်ပွဲကိုတော့ ဇူလှိုင်လ (၁) ရက်နေမှာ ကျင်းပမှာဖြစ်ပါတယ်။

လမ်းပက်ဟာ အင်္ဂလန်မြေမှာ (၅) နှစ်တာကစားခဲ့ပြီး ပရီးမီးယားလိဂ်အတွေ့အကြုံ များစွာရရှိထားတဲ့ ကော်တင်ညိုကို အရခေါ်ယူနိူင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။