Battle Royale ဂိမ်းတွေထဲမှာ နာမည်ကြီး လူကြိုက်များပြီးသား ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ကတော့ PC ဗားရှင်းမှာ ကတည်းက အောင်မြင်မှု အကြီးအကျယ် ရထားတာပါ။ PC အပြင် PlayStation 5 ၊ Nintendo Switch အပါအဝင် Android နဲ့ iOS စတဲ့ Platforms တော်တော်များများမှာ ကစားလို့ ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး Android နဲ့ iOS အတွက် မိုလ်ဘိုင်းဗားရှင်းတွေမှာ နည်းနည်းလေး ကဂျီကဂျောင် ဖြစ်ခဲ့တယ်လို့ ပြောရမှာပါ။ Install လုပ်ရတာကအစ တိုင်ပတ်တာလေးတွေ ရှိနေခဲ့တာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Fortnite ဂိမ်းကို မိုလ်ဘိုင်းဗားရှင်း ဆော့ချင်တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် ဘယ်လိုမျိုး လွယ်လွယ်ကူကူ Install လုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

Android Devices တွေအတွက် Install လုပ်နည်းအဆင့်ဆင့်

FortniteFortnite

Photo : Android Authority

Fortnite ရဲ့ Android မိုလ်ဘိုင်းဗားရှင်း ဒေါင်းလုဒ်စာမျက်နှာကို သွားပါ။

Android မှာ Play Fortnite အောက်က Download Now! ကို နှိပ်ပါ။

Download Anyway ကို ထပ်နှိပ်ပါ။

Download လုပ်ထားတဲ့ ဖိုင်ကို ဖွင့်ပြီး Install ကိုရွေးချယ်ပါ။ Install လုပ်ချိန် External Sources တွေ တောင်းပါက Allow နှိပ်ပေးပါ။

Open ကို နှိပ်ပါ။

Fortnite စာမျက်နှာကို သွားပါ။

Install ကိုဆက် နှိပ်ပါ။

Launch ကို ရွေးပါ။

Samsung Devices တွေအတွက် Install လုပ်နည်းအဆင့်ဆင့်

Photo : Android Authority

Samsung ဖုန်းအသုံးပြုသူတွေအနေနဲ့ Epic Games ကို Samsung Galaxy Store ကနေ တိုက်ရိုက် ဒေါင်းလုဒ်လုပ်ခြင်းဖြင့် Fortnite အက်ပ်ကို Install လုပ်နိုင်ပါတယ်။

Galaxy Store ကို ဖွင့်ပါ။

Fortnite ကို ရှာပါ။

Epic Games စာမျက်နှာကို ဖွင့်ပါ။

Install ကိုနှိပ်ပါ။

Open ကိုနှိပ်ပါ။

Fortnite စာမျက်နှာကို သွားပါ။

Install ကိုထပ် နှိပ်ပါ။

စတင်ကစားဖို့ Launch ကို ရွေးပါ။

iPhone နဲ့ iPad အတွက် Install လုပ်နည်းအဆင့်ဆင့်

Fortnite
Photo : Android Authority

Apple အနေနဲ့ Third-Party Stores တွေကို ခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် Fortnite ရရှိတဲ့ iOS အတွက် အသစ်ထွက်ရှိထားတဲ့ Epic Games Store ကိုလည်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်အနေနဲ့ ဥရောပနိုင်ငံတွေမှာ Apple ရဲ့Platform ပေါ်မှာ အခြား Store တွေကို ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့် နည်းလမ်းကတော့ EU နိုင်ငံတွေက ဂိမ်းချစ်သူတွေအတွက်ပဲ ပိုအဆင်ပြေနိုင်ပါတယ်။

iOS Device ထဲက https://epicgames.com/ ကို သွားပါ။

အက်ပ်ကို Download လုပ်ဖို့ Epic Games Store Banner ကို နှိပ်ပါ။

Marketplace Installation Message ပြပါက OK ကိုနှိပ်ပါ။

Settings ထဲကို သွားပါ။

Epic Games မှ Allow Marketplace ကို ရွေးပါ။

Allow ကိုထပ် နှိပ်ပါ။

Installation လုပ်ငန်းစဉ် လုပ်ဆောင်ဖို့ Browser ကို ပြန်သွားပါ

Install ကိုနှိပ်ပါ။

Install App Marketplace ကို နှိပ်ပါ။

Installation လုပ်ငန်းစဉ် အပြီးသတ်ဖို့ Press ကို နှိပ်ပါ။

Home Screen ကို သွားပြီး Epic Games Store အက်ပ်ကို နှိပ်ပါ။

Fornite ကိုရှာပြီး Install ကိုရွေးပါ။

ဂိမ်းကို Download လုပ်ပြီး Install လုပ်ဖို့ Get ကိုနှိပ်ပါ။

ကဲဒါဆိုရင်တော့ Fortnite ဂိမ်းကို Android နဲ့ iOS အတွက် Install  လုပ်ဖို့ အဆင်ပြေလောက်ပြီ ထင်ပါတယ်။ ဂိမ်းချစ်သူ ကွီးတို့ရော Fortnite ဂိမ်း မိုလ်ဘိုင်းဗားရှင်း ဆော့နေပြီလား ???

Source : Android Authority

Featured Photo : TechRadar