မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားပြုမူဟန်ဟာ သင့်ကို တိတ်ဆိတ်တဲ့ အသံနဲ့ စကားတွေ အများကြီး ပြောပါတယ်။ Body Language ကို ဖတ်ကြည့်ရုံနဲ့ အဲဒီအမျိုးသမီးက ကိုယ့်ကို စိတ်ဝင်စားနေသလား ၊ ကိုယ့်ကို အလေးအနက်ရော ရှိရဲ့လားဆိုတာ ခန့်မှန်းလို့ရပါတယ်။

လူတစ်ယောက်အကြောင်း မသိရသေးခင် သူ့ကို အကဲဖြတ်ရာမှာ ကျွန်တော်တို့ရဲ့ ထင်မြင်ချက်ကို ကိုယ်အမူအယာဟာ ၅၅% ၊ လေယူလေသိမ်း အသုံးအနှုန်းနဲ့ ပြောဆိုဟန်က ၃၈% နဲ့ စကားလုံးက ၇% လွှမ်းမိုးကြတယ်လို့ ဆိုပါတယ်။ လက်တွဲဖော်အဖြစ် ကိုယ်ရည်စူးထားတဲ့ မိန်းကလေးက ကိုယ့်ကို စိတ်ဝင်စားရဲ့လား ။ တစ်ချိန်ချိန်မှာ ပစ်သွားမလားဆိုတာကို သူမရဲ့ ကိုယ်အမူအယာကို ဖတ်ကြည့်တာနဲ့ သိလို့ရတာ ရှိပါတယ်။

(၁) အကြည့်လွှဲတာ

Photo: mantelligence

စကားပြောရင်းနဲ့ သတိထားကြည့်ပါ။ ကိုယ်ပြောနေတဲ့ စကားတွေပေါ် သူမအာရုံလာရဲ့လားဆိုတာ။ တစ်ခါတစ်လေ ကိုယ်ကတော့ စိတ်ဝင်စားစရာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပြောနေချိန်မှာ သူမမျက်လုံးတွေက ကိုယ့်ဆီကနေ ခွာခွာသွားတာဆိုရင် နှစ်ချက်ပဲ စဉ်းစားစရာ ရှိပါတယ်။
တစ်ခုက ရှက်နေတာ နဲ့ နောက်တစ်ခုက စိတ်မဝင်စားတာပါ။ တစ်ချို့ဆို ဗြောင်ပဲ လူကို မကြည့်ဘဲ တစ်ခြားနေရာပဲ မျက်လုံးရွှေ့ထားတယ်ဆိုရင်တော့ အခြေအနေမကောင်းဘူးလို့ အလွယ်ဆုံး ပြောနိုင်ပါတယ်။

(၂) လက်ပိုက်ထားတယ်

Photo: mantelligence

တစ်ချို့လူတွေမှာ လူအများမကြိုက်တတ်တဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ နှစ်ယောက်သား‌ တွေ့ချိန်မှာ လက်ပိုက်ပြီး ခြေချင်းချိတ်ထိုင်တဲ့ ကောင်မလေးဟာ မာနကြီးတာရင်လည်း ဖြစ်ပါလိမ့်မယ်။ ကိုယ်နဲ့ တွေ့ရတာ စိတ်ထဲ မသက်မသာဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကို သဘောမကျတာလည်း ဖြစ်နိုင်ပါတယ်။

(၃) အသက်မပါတဲ့ အပြုံးတွေ ပြုံးတယ်

Photo: mantelligence

နှစ်နှစ်ခြိုက်ခြိုုက် ပြုံးတာမှ မဟုတ်ရင် ဘယ်အပြုံးမှ မရိုးသားပါဘူး။ အသင့်စား ခေါက်ဆွဲတစ်ထုတ်လို ထုပ်ပိုးပြီးသား အပြုံးတွေ ဖြည်ချပြတဲ့ မိန်းကလေးကို ဘယ်တော့မှ ယုံဖို့ မကြိုးစားသင့်ပါဘူး။

(၄) ပျင်းကြောင်း ပြတယ်

Photo: mantelligence

စကားပြောနေရင်းနဲ့ ပျင်းရိတဲ့ အမူအယာတွေ ပြလာရင် သူမဘက်က သင့်ကို စိတ်မဝင်စားကြောင်း အချက်ပြနေတာပါ။ မေးတစ်ခွန်း ဖြေတစ်ခွန်းနဲ့ စိတ်ပါလက်ပါ မရှိတဲ့ အမူအယာတွေ မြင်နေရတယ်ဆိုရင် ကိုယ့်ပေါ် အာရုံမလာဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ကိုယ့်အပေါ်မှာ စိတ်မလာတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆက်စကားပြောဖို့ဆိုတာ အကြံကောင်းတော့ မဟုတ်ပါဘူး။