အင်တာနက်ခေတ်မှာ ဖူးစာရှာတဲ့ဝန်ဆောင်မှုတွေလည်း အွန်လိုင်းဖြစ်လာပါတယ်။ ကမ္ဘာပေါ်မှာ Dating apps နဲ့ ဝန်ဆောင်မှုပေါင်း များစွာရှိပါတယ်။ Dating Apps တွေရဲ့ သဘောက ‘တူရာချိတ်’ တဲ့ အိုင်ဒီယာပေါ် အခြေတည်ကြတာပါ။ တချို့ ‘တူရာချိတ်’ တွေက ထူးဆန်းလွန်းလို့ နည်းနည်းတောင် ကြောင်တောင်တောင် နိုင်ပါတယ်။ ဒီလို ထူးဆန်းတဲ့ Dating Apps တွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ Apps တွေအကြောင်း မျှဝေလိုက်ပါတယ်။
(၁) Singles With Food Allergies

Photo: Business Insider
အစားအသောက် ဓါတ်မတည့်တဲ့ လူလွတ်တွေအချင်းချင်း ချိတ်ပေးမယ့် Service ပါ။ Singles With Food Allergies ဆိုတဲ့ ဒီ Dating Apps ကလည်း ကိုယ်နဲ့ အစားအသောက်မကြိုက်တာချင်း တူသူတွေကို ရှာပေးတာ ဖြစ်ပါတယ်။ Dating Night အတွက် စားသောက်ဆိုင်မှာ ပြဿနာမဖြစ်မှာ သေချာတဲ့ ဝန်ဆောင်မှုပါပဲ။
(၂) Tall Friends

Photo: Business Insider
အရပ်ရှည်လို့ ရည်းစားရဖို့ ခက်တယ်လို့ ထင်နေသူတွေအတွက် လန်ဘားတွေချင်း အောင်သွယ်ပေးမယ့် ဝန်ဆောင်မှု ရှိပါတယ်။ အရပ်ရှည်တာကို ကြိုက်တဲ့ မိန်းကလေး / ယောင်္ကျားလေးတွေအတွက် Tall Friends App က စိတ်ဝင်စားစရာကောင်းမယ့် Apps လို့ ဆိုရမှာပါ။
(၃) Millionaire Match

Photo: Breakup Shop
အောင်မြင်ထင်ရှား သူဌေးများအတွက် သီးသန့် Dating App လို့ ဆိုပါတယ်။ နာမည်ကိုက Millionaire Match ဖြစ်ပါတယ်။ အထက်တန်းလွှာ လူပျိုကြီး အပျိုကြီးတွေကို ချိတ်ဆက်ပေးမယ့် ဝန်ဆာင်မှု ဖြစ်ပါတယ်။
(၄) Clown Dating

Photo: Fusion TV
လူပျက် Clowns တွေကို ကြောက်တဲ့လူတွေ ရှိသလို သဘောကျတဲ့လူတွေလည်း ရှိတာပါပဲ။ ဒီလို ငပြောင်တွေကို သဘောကျတဲ့ Singles တွေအတွက် Clown Dating က ရည်းစားရှာဖို့ အလွယ်ကူဆုံးပလက်ဖောင်း ဖြစ်မှာပါ။
အခုပြောခဲ့တာတွေကတော့ Mensxp ဝက်ဘ်ဆိုက်က ဖော်ပြထားတဲ့ အထူးဆန်းဆုံး Dating Apps တွေထဲက တချို့အကြောင်းပါပဲ။
Featured Photo: NBC News
