အပြင်ထွက်ချိန်တိုင်းမှာ ကိုယ်နဲ့ တပါတည်း ယူလာသင့်တဲ့ ပစ္စည်းတွေ ရှိပါတယ်။ ဥပမာ-ဖုန်း ၊ သော့နဲ့ ပိုက်ဆံအိတ်လိုမျိုးပါ။တစ်ချို့ပစ္စည်းတွေကတော့ အတော်လေး အသုံးဝင်တယ်ဆိုပေမယ့် ကိုယ့်အိတ်ထဲ သွားလေရာ သယ်သွားစရာမလိုတာတွေလည်း ရှိပါတယ်။ အခုပြောမယ့် ပစ္စည်းအသုံးအဆောင်လေးတွေကတော့ အသုံးလည်းဝင်သလို သွားလေရာလည်း ကိုယ်နဲ့မကွာ ဆောင်ထားသင့်တဲ့ ပစ္စည်းလေးတွေပါ။

(၁) Charger

Photo: Pexels

ဖုန်းဘက်ထရီ ဒေါင်းသွားတာ အတော်ဆိုးတဲ့ ပြဿနာပါ။ ဒီနေ့ခေတ်လို စမတ်ဖုန်းတွေ တစ်နေကုန်နီးပါး မနားတမ်းသုံးတဲ့ အချိန်ကာလမှာ ကိုယ်ရောက်လေရာ နေရာက အားသွင်းပေါက်မှာ ဖုန်းအားသွင်းနိုင်ဖို့ Portable Charger တစ်လုံးက မပါမဖြစ်ပါပဲ။

(၂) Business Cards

Photo: Tech Radar

စီးပွားရေးလုပ်ငန်းလုပ်သူ ၊ ရာထူးအတော်အသင့် ရှိသူမဟုတ်ရင် Business Card ကို သွားလေရာ သယ်သွားဖို့ မလိုပါဘူး။ Business Card ကတော့ ကိုယ့်အကြောင်းကို မိတ်ဆက်ဖို့တင် မဟုတ်ဘဲ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ဆက်စပ်ပြီး အဆက်အသွယ်ဖြစ်ဖို့ ပေါင်းကူးတံတားတစ်ခု ဖြစ်လို့ ကိုယ့်မှာ ရှိရင် အိတ်ထဲ အမြဲထည့်ပြီး ယူသွားသင့်ပါတယ်။

(၃) ဆံပင်အလှကုန်

Photo: beardoholic

ဆံပင်ဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို အများကြီး စကားပြောတဲ့ အရာပါ။ သင့်ရဲ့ ကျောပိုးအိတ်ထဲမှာ ခေါင်းလိမ်းဆီ ၊ ခေါင်းဘီး စတဲ့ တိုလီမိုလီ ဆံပင်အလှပြင် ပစ္စည်းတစ်ချို့ ထည့်သွားမယ်ဆိုရင် ရောက်လေရာ နေရာမှာ စတိုင်ကျကျ ဟန်ကျပန်ကျ ဖြတ်သန်းသွားနိုင်မှာ ဖြစ်ပါတယ်။

(၄) Sunscreen

Photo: The Healthy

အပြင်အထွက်များတဲ့ သူတွေဆိုရင် ယောင်္ကျားမိန်းမ မရွေး Sunscreen သုံးသင့်ပါတယ်။ SPF ပါတဲ့ နေလောင်ကာ ခရမ်လိမ်းပေးခြင်းအားဖြင့် အသားအရေထိန်းသိမ်းရာ ရောက်သလို အရေပြားကျန်းမာရေးအတွက်ပါ ဂရုစိုက်ပြီး ဖြစ်ပါတယ်။
ဒါလေးတွေက သယ်ရပြုရ လွယ်သလို အလျဉ်းသင့်ရင် အသုံးဝင်တဲ့ အသုံးအဆောင်လေးတွေလည်း ဖြစ်ပါတယ်။