အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းဟာ ယူရုိပါလိဂ္ ဗုိလ္လုပဲြၿပီးတာနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပဆာရီကို ခ်က္ခ်င္း ကမ္းလွမ္းမႈ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာခ့ဲၿပီးေနာက္ ဒါဘီအသင္းရဲ႕ နည္းျပ လမ္းပတ္အေနနဲ႔ အသင္းေဟာင္း ခ်ဲလ္ဆီးအသင္းကုိ ကုိင္တြယ္ဖုိ႔ နီးစပ္လာခ့ဲၿပီျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ လက္ရွိ ေဘာလံုးရာသီအတြက္ စီးရီးေအၿပိဳင္ပြဲ ၿပီးဆံုးသြားပါက နည္းျပအယ္လီဂရီနဲ႔ လမ္းခြဲမွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဆာရီကို ေခၚယူဖုိ႔အတြက္ ခ်ဲလ္ဆီးအသင္းကို ေလ်ာ္ေၾကး ေပါင္ (၅) သန္း ေပးေခ်သြားဖုိ႔ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

Photo Credit : Metro

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္း နည္းျပဆာရီရဲ႕ နည္းျပ အဖြဲ႕ဝင္ေတြဟာ ရာသီကုန္မွာ အသင္းက ထြက္ခြာဖုိ႔အရာ အားလံုး ျပင္ဆင္ထားၿပီးျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း ဆာရီရဲ႕ နည္းစနစ္ပုိင္းက အသင္းကို စီးရီးေအမွာ ပိုမုိ ေကာင္းမြန္တ့ဲ အသင္းတစ္သင္း ျဖစ္လာေစမယ္လုိ႔ ယံုၾကည္ေနတာေၾကာင့္ လာမယ့္ ဗုဒၶဟူးေန႔မွာ ကစားမယ့္ ဘာကူၿမိဳ႕က ယူရိုပါလိဂ္ ဗိုလ္လုပြဲ အၿပီးမွာ ဆာရီကို ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။ ဒီလုိသတင္းေတြ ထြက္ေပၚလာတာနဲ႔ တစ္ၿပိဳင္နက္ ခ်ဲလ္ဆီးအသင္းကလည္း ဒါဘီအသင္းကို နည္းျပလ်က္ရွိတ့ဲ အသင္းရဲ႕ ကစားသမားေဟာင္း လမ္းပတ္ကုိ နည္းျပခ်ဳပ္အျဖစ္ ခန္႔အပ္ရန္ ပိုမုိနီးစပ္လာၿပီျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပလာၾကပါတယ္။

Photo Credit : iNEws

လမ္းပတ္ဟာ ဒါဘီအသင္းနဲ႔ ပထမဆံုး ရာသီမွာပဲ အသင္းကို အေကာင္းဆံုး ဦးေဆာင္လမ္းျပႏုိင္ခ့ဲၿပီး လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္းျဖစ္တ့ဲ ဒါဘီ အသင္းအေနနဲ႔ လာမယ့္ ရာသီ ပရီးမီးယားလိဂ္ကို တန္းတက္ဖုိ႔အတြက္ အက္စတြန္ဗီလာ အသင္းနဲ႔ Play-Off ဖုိင္နယ္ ကစားရေတာ့မွာလည္း ျဖစ္ပါတယ္။ အသက္ (၄၀) အရြယ္ရွိၿပီျဖစ္သူ ဖရန္႔လမ္းပတ္ကလည္း အဆုိပါ ဖုိင္နယ္ပြဲအၿပီးမွာ အသင္းရဲ႕ ဥကၠဌျဖစ္သူ မယ္လ္ေမာ္ရစ္နဲ႔ ေတြ႔ဆံုေဆြးေႏြးသြားမယ့္ အေၾကာင္းကုိ “ကြ်န္ေတာ့္ စာခ်ဳပ္သက္တမ္းက ႏွစ္ႏွစ္ က်န္ရွိေနၿပီး တနလၤာေန႔ မတုိင္ခင္အထိေတာ့ ဘာကိုမွ အဆံုးအျဖတ္ေပးသြားမွာ မဟုတ္ပါဘူး။”

Photo Credit : The Irish Times

“အ့ဲဒီပြဲၿပီးရင္ေတာ့ ကြ်န္ေတာ္ ဥကၠဌနဲ႔ စကားေျပာသြားမွာျဖစ္ၿပီး အရင္ဆံုး အက္စတြန္ဗီလာနဲ႔ပြဲက ရလဒ္အတြက္ ေဆြးေႏြးသြားမွာပါ။ ခ်ဲလ္ဆီး အသင္းကိုု နည္းျပဖုိ႔အတြက္ အေတာ္ေလးကို ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔အသင္းက ယူရိုပါလိဂ္ဖုိင္နယ္ ကစားဖုိ႔ ရွိေနၿပီး ကြ်န္ေတာ့္ကိစၥထက္ ပုိအေရးႀကီးပါတယ္။ ကြ်န္ေတာ္လည္း ဒီဘက္မွာ အေရးႀကီးပြဲတစ္ပြဲ က်န္ပါေသးတယ္။ သူတို႔ အသင္းမွာလည္း နည္းျပအျဖစ္ ဆာရီရွိေနၿပီး သူက အသင္းကုိ ယူရုိပါလိဂ္ ဖလားရေအာင္ ကူညီေပးသြားပါလိမ့္မယ္။ တကယ္လုိ႔ ကြ်န္ေတာ္သာ ဒီရာသီမွာ အေကာင္းဆံုး စြမ္းေဆာင္ျပႏုိင္ခ့ဲတယ္ဆုိရင္ ကြ်န္ေတာ့္ကုိ ခ်ိတ္ဆက္လာပါလိမ့္မယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ခ်ဲလ္ဆီး အသင္းက ကြ်န္ေတာ္ (၁၃) ႏွစ္ၾကာ ကစားခ့ဲတ့ဲ အသင္းျဖစ္ၿပီး ဒါေတြကုိ ကြ်န္ေတာ္ နားလည္ထားၿပီးသားပါ။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။

(Unicode)

အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲပြီးတာနဲ့ ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဆာရီကို ချက်ချင်း ကမ်းလှမ်းမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဒါဘီ အသင်းရဲ့ နည်းပြ လမ်းပတ်အနေနဲ့ အသင်းဟောင်း ချဲလ်ဆီးအသင်းကို ကိုင်တွယ်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိ ဘောလုံးရာသီ အတွက် စီးရီးအေပြိုင်ပွဲ ပြီးဆုံးသွားပါက နည်းပြ အယ်လီဂရီ နဲ့ လမ်းခွဲမှာဖြစ်ပြီး ဂျူဗင်တပ်စ် အသင်းအနေနဲ့ ဆာရီကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီး အသင်းကို လျော်ကြေး ပေါင် (၅) သန်း ပေးချေသွားဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit : Metro

The Sun သတင်းစာရဲ့ ဖော်ပြချက် အရ ချဲလ်ဆီး အသင်း နည်းပြ ဆာရီရဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့ အရာ အားလုံး ပြင်ဆင်ထားပြီးဖြစ်ပြီး ဂျူဗင်တပ်စ် အသင်းကလည်း ဆာရီရဲ့ နည်းစနစ်ပိုင်းက အသင်းကို စီးရီးအေ မှာ ပိုမို ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာစေမယ်လို့ ယုံကြည်နေတာကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဘာကူမြို့က ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာ ဆာရီကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ချဲလ်ဆီး အသင်းကလည်း ဒါဘီ အသင်းကို နည်းပြလျက်ရှိတဲ့ အသင်းရဲ့ ကစားသမားဟောင်း လမ်းပတ်ကို နည်းပြချုပ် အဖြစ် ခန့်အပ်ရန် ပိုမို နီးစပ်လာပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြလာကြပါတယ်။

Photo Credit : iNEws

လမ်းပတ်ဟာ ဒါဘီ အသင်းနဲ့ ပထမဆုံး ရာသီမှာပဲ အသင်းကို အကောင်းဆုံး ဦးဆောင် လမ်းပြနိုင်ခဲ့ပြီး လိဂ်ချန်ပီယံရှစ် ကလပ် အသင်းဖြစ်တဲ့ ဒါဘီ အသင်းအနေနဲ့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ကို တန်းတက်ဖို့အတွက် အက်စတွန်ဗီလာ အသင်းနဲ့ Play- off ဖိုင်နယ် ကစားရတော့မှာလည်း ဖြစ်ပါတယ်။ အသက် (၄၀) အရွယ် ရှိပြီဖြစ်သူ ဖရန့်လမ်းပတ်ကလည်း အဆိုပါ ဖိုင်နယ်ပွဲအပြီးမှာ အသင်းရဲ့ ဥက္ကဌဖြစ်သူ မယ်လ်မော်ရစ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ့် အကြောင်းကို “ကျွန်တော့် စာချုပ် သက်တမ်းက နှစ်နှစ် ကျန်ရှိနေပြီး တနင်္လာနေ့ မတိုင်ခင် အထိတော့ ဘာကိုမှ အဆုံး အဖြတ် ပေးသွားမှာ မဟုတ်ပါဘူး။”

Photo Credit : The Irish Times

“အဲ့ဒီပွဲပြီးရင်တော့ ကျွန်တော် ဥက္ကဌ နဲ့ စကားပြောသွားမှာဖြစ်ပြီး အရင်ဆုံး အက်စတွန်ဗီလာနဲ့ပွဲက ရလဒ်အတွက် ဆွေးနွေးသွားမှာပါ။ ချဲလ်ဆီး အသင်းကိုု နည်းပြဖို့အတွက် အတော်လေးကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အသင်းက ယူရိုပါလိဂ်ဖိုင်နယ် ကစားဖို့ ရှိနေပြီး ကျွန်တော့် ကိစ္စထက် ပိုအရေးကြီးပါတယ်။ ကျွန်တော်လည်း ဒီဘက်မှာ အရေးကြီးပွဲတစ်ပွဲ ကျန်ပါသေးတယ်။ သူတို့ အသင်းမှာလည်း နည်းပြအဖြစ် ဆာရီရှိနေပြီး သူက အသင်းကို ယူရိုပါလိဂ် ဖလားရအောင် ကူညီပေးသွားပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်သာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တယ်ဆိုရင် ကျွန်တော့်ကို ချိတ်ဆက်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ချဲလ်ဆီး အသင်းက ကျွန်တော် (၁၃) နှစ်ကြာ ကစားခဲ့တဲ့ အသင်းဖြစ်ပြီး ဒါတွေကို ကျွန်တော် နားလည်ထားပြီးသားပါ။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။