ချယ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ကီပါဟာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရှင်းလင်းတဲ့အမှားကို ပြုလုပ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီး လာမယ့်အပတ် ဘန်လေနဲ့ ကစားရမယ့် ကရာဘောင်ဖလားပွဲစဉ်အတွက် ကီပါအစား ကာဘာလီရိုက ပွဲထွက်ပါဝင်လိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကီပါဟာ တနင်္ဂနွေနေ့ညနေခင်းက စတန်းဖို့ဒ်ဘရစ်ဂျ်မှာ လီဗာပူးအသင်း ၂ ဂိုးနဲ့ ဦးဆောင်နိုင်အောင် မာနေးရဲ့ ဒုတိယမြောက်သွင်းဂိုးကို အမှားအယွင်းပြုလုပ်ပြီး ခွင့်ပြုခဲ့ပြီးနောက် နောက်ထပ်ဖိအားတွေအောက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ဘရိုက်တန်နဲ့ကစားခဲ့တဲ့ ချယ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ဂိုးပေးခဲ့ရတဲ့အထိ အမှားအယွင်းကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

Photo: Sky Sports

“ကီပါရဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောရရင် အဲဒါက လုံးဝရှင်းလင်းတဲ့အမှားတစ်ခုပဲ။ အဲဒါက ကျွန်တော်တို့ကို ရှုံးနိမ့်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ ပင်နယ်တီရပြီး ဂိုးသွင်းကောင်းသွင်းနိုင်မှာမို့လို့ပါ”

“ဒီအဖြစ်အပျက်က ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ ပွဲစဉ်တွေမှာ အပြောင်းအလဲဖြစ်စေပါတယ်။ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်ရမှာပါ။ ကီပါလည်း ဆက်ပြီး အလုပ်လုပ်ရမှာပါ။ သူ့ပတ်ဝန်းကျင်မှာ အားပေးမှုတွေ သူ ရနေတယ်ဆိုတာ အရမ်းရှင်းလင်းပါတယ်”

“ဒါပေမယ့် ဒီနေ့မှာတော့ ရှင်းလင်းတဲ့အမှားကို ပြုလုပ်ခဲ့တာပါ။ ကျွန်တော် အခုပြောနိုင်တာက ကာဘာလီရီု ကစားလိမ့်မယ်ဆိုတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ သူ့ကို ကစားစေဖို့ အမြဲတမ်း ကျွန်တော့်မှာ စိတ်ခံစားမှုမျိုးရှိပါတယ်”

“အဲဒီတော့ ကျွန်တော် အဲဒီပွဲစဉ်ကိုယ်တိုင်က ဆုံးဖြတ်ပြီးသားအပေါ်မှာ လူတွေကို ကျွန်တော် အကဲမဖြတ်ချင်ပါဘူး”

“သူက ကျွန်တော်တို့ ကစားသမားဖြစ်ပြီး ရှင်းလင်းတဲ့အမှားလို့ ကျွန်တော်တို့ ဒီနေ့ခံစားခဲ့ရတဲ့ပွဲစဉ် ၂ ပွဲရှိပါပြီ။ ဘရိုက်တန်နဲ့ပွဲကလည်း အမှားလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပြီး အဲဒီအတိုင်းပဲ သူဆက်မှားနေတယ်”

Photo: morningupdates

“အဲဒီတော့ ကျွန်တော်တို့ ဆက်ပြီးအလုပ်လုပ်ရမယ်။ အဲဒါက ဘောလုံးရဲ့ စည်းမျဉ်းပဲ။ အထူးသဖြင့် ကျွန်တော်ကိုယ်တိုင်ကအစ ခက်ခဲတဲ့အချိန်တွေမှာ ကစားသမားတစ်ဦးချင်းစီက အားပေးထောက်ခံမှုလိုအပ်တယ်။ ကျွန်တော် အဲဒါကို ကစားသမားတိုင်းကို ပေးပါတယ်”

“ကီပါ အလုပ်ဆက်လုပ်ရပါမယ်။ ဘယ်သူကမှ ဘောလုံးမှာ အမှားလုပ်ဖို့ ကြိုးပမ်းတဲ့သူမရှိပါဘူး။ အဲဒါက ပြိုင်ပွဲရဲ့ သဘောသဘာဝပါ။ ခင်ဗျား ကြံ့ကြံ့ခံပြီး ဆက်သွားနေရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။