ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း လမ်းပတ်ကတော့ နည်းပြရာထူးနဲ့ ချယ်လ်ဆီးအသင်းမှာ တစ်ဖန်ပြန်လည်မြင်တွေ့ခွင့်ရဖို့ အရမ်းကို နီးစပ်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ အသက် (၄၁) နှစ်အရွယ် ကစားသမားဟောင်း လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းမှာ ကစားသမားဘဝနဲ့ (၁၃)နှစ်အကြာဖြတ်သန်းခဲ့ပြီးအသင်းနဲ့ အောင်မြင်မှတ်တမ်းများစွာရေးထိုးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နည်းပြအဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာတော့ ဒါဘီအသင်းရဲ့ နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

Source : talkSPORT

ချယ်လ်ဆီးအသင်းကတော့ လက်ရှိအသင်းရဲ့ နည်းပြဖြစ်သူ ဆာရီကိုဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးတဲ့နောက်မှာတော့ အသင်းအတွက်လစ်လပ်နေတဲ့ နည်းပြနေရာမှာ တစ်ချိန်က ထွန်းထောက်ခဲ့တဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူလမ်းပတ်ကို ပြန်လည်ခန့်အပ်ရန်ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ လမ်းပတ်တို့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း ရေးသားထားပါတယ်။ တစ်နှစ်ကိုလုပ်ခလစာ ပေါင် ၅.၅ သန်းဖြင့် (၃)နှစ်စာ စာချုပ်သစ်ကို လာမယ့်ပတ်ထဲမှာ ချုပ်ဆိုသွားဖို့ရှိတာကြောင့် ၎င်းရဲ့ စာချုပ်တန်ကြေးမှာ ပေါင် (၁၆.၅) သန်းအထိရှိလာမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိမှာ အသေးစိတ်ညှိနှိုင်းမှုတွေလုပ်ဆောင်နေတာကြောင့် ချယ်လ်ဆီးအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေငြာခြင်းတော့ မရှိသေးပါဘူး။

Source : Daily Post Nigeria

ဒါဘီအသင်း အနေနဲ့လည်း နည်းပြလမ်းပတ်ကို ပေါင် (၁၀) သန်းတန်ကြေးရှိတဲ့ နှစ်ရှည်စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့အတွက် ကမ်းလှမ်းမှုနဲ့ လွဲချော်ကာ ဒါဘီအသင်းကို လျော်ကြေးငွေပေါင် (၄) သန်းခန့် ပေးဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ လမ်းပတ်ဟာ လာမယ့်ရာသီကြိုလေ့ကျင်းရေးအမှီ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ သေချာသလောက်ရှိနေပြီး အသင်းရဲ့ (၁၆) ယောက်မြောက်နည်းပြတစ်ဦးဖြစ်လာမှာပဲ ဖြစ်ပါတယ်။

Source : The Japan Times