ဒီတစ်ခေါက်မှာတော့ မိုဘိုင်းလ်ဂိမ်းချစ်သူတွေအတွက် Free To Play ကစားလို့ရမယ့် Android ဂိမ်းတွေအကြောင်း ပြောပြပေးပါမယ်။ ဂိမ်းဝါသနာရှင်တွေ အကြိုက်တွေ့စေမယ့် စိတ်ဝင်စားစရာ ဂိမ်းလေးတွေနဲ့ Free ဆော့လို့ရမယ့် ရေပန်းအစားဆုံး Android ဂိမ်း ၄ ခု အကြောင်းကို ဒီဆောင်းပါးလေးကနေ တဆင့် မျှဝေပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) Asphalt 9: Legends

Source : Asphalt

Asphalt 9: Legends ကတော့ Racing ဂိမ်း ချစ်သူတွေအကြိုက်တွေ့စေမယ့် ရေပန်းအစားဆုံး Android ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Asphalt ဂိမ်း စီးရီးရဲ့ နောက်ဆုံးထွက် ဂိမ်းတစ်ခုဖြစ်ပြီး ရွေးချယ်စရာ ကားအစီးပေါင်း ၅၀ ဝန်းကျင်နဲ့ အမိုက်စားဂိမ်း Challenges တွေ ပါဝင်ပါတယ်။ Graphics အမိုက်စားနဲ့  Free ဆော့လို့ရမယ့်အပြင် အွန်လိုင်းချိတ်ဆက်ကစားနိုင်သလို တစ်ဦးချင်းယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲအမျိုးအစားတွေလည်း ပါဝင်ပါတယ်။

(၂) EA Sports Games

Source : EA SPORTS MADDEN NFL

EA ကတော့ အားကစားဂိမ်းတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့တွက် Madden NFL Overdrive ၊ FIFA Soccer ၊ NBA Live Mobile ၊ EA Sports UFC တို့လို စိတ်ဝင်စားဖွယ်ရာ Sports ဂိမ်းတွေကို နှစ်စဉ်ထုတ်လုပ်ပေးနေတဲ့ ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ EA Sports Games တွေ အားလုံးဟာ တူညီတဲ့ ရိုးရိုးရှင်းရှင်း ဂိမ်း Controls တွေ ပါဝင်ပြီး Graphic တွေလည်း တော်တော်လေး ကောင်းမွန်တဲ့အပြင်ကိုမှ ရွေးချယ်ဆော့ကစားစရာ Sports ဂိမ်းတွေ အများကြီးရှိပြီး Free To Play ကစားလို့ရတဲ့ အကောင်းဆုံး Android ဂိမ်းတွေပဲ ဖြစ်ပါတယ်။

(၃) Legends of Runeterra

Source : Legends of Runeterra

Legends of Runeterra ကတော့ Hearthstone နဲ့ ဆင်တူတဲ့ Card ဂိမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နာမည်ကြီး League of Legends ဂိမ်းရဲ့ Developer တွေဖြစ်တဲ့ Riot Games ကပဲ Legends of Runeterra ဂိမ်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Players တွေအနေနဲ့ Card တွေ စုဆောင်းတာ ၊ Decks တွေ တည်ဆောက်တာတွေ ပြုလုပ်ပြီး နိုင်ပွဲရတဲ့အထိ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက Card ဂိမ်း ကြိုက်သူတွေ ဆော့ကြည့်သင့်တဲ့ Free ဆော့လို့ရတဲ့ ရေပန်းအစားဆုံး Android ဂိမ်း တစ်ခု ဖြစ်ပါတယ်။

(၄) Call of Duty: Mobile

 

 

Source : Call of Duty: Mobile

အပစ်အခတ်အတိုက်အခိုက် ဂိမ်းတွေထဲမှာတော့ Call of Duty: Mobile က ရေပန်းအစားဆုံး ဖြစ်ပါတယ်။ Graphic ကောင်းကောင်းနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပြီး PUBG Mobile နဲ့ Fortnite တို့လို 100 Player Battle Royale Mode တွေလည်း ပါဝင်ပါတယ်။ Call of Duty: Mobile ဟာ First-Person Shooter ဂိမ်းတွေထဲမှာ လူကြိုက်များပြီး Free ဆော့လို့တဲ့ အမိုက်စားဂိမ်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : Xbox