အခုခေတ်လို လူတိုင်းစမတ်ဖုန်းသုံးနေတဲ့ခေတ်မှာ ရုပ်မြင်သံကြားအစီအစဉ်တွေ ကြည့်ဖို့အတွက် TV Screen ကြီးရှေ့ ထိုင်စရာ မလိုတော့ပါဘူး။ အွန်လိုင်းပေါ်မှာ တစ်ကမ္ဘာလုံးက လွှင့်တင်နေတဲ့ အခမဲ့ အင်တာနက် TV Channels တွေကို ကိုယ့်ဖုန်းနဲ့ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
ဒါကိုပဲ အင်တာနက်ပရိုတိုကောတယ်လီဗေးရှင်း IPTV လို့ ခေါ်နေကြတာပါ။ Internet Protocol ကွန်ရက်တွေပေါ်ကနေ ရုပ်မြင်သံကြားအကြောင်းအရာတွေကို တင်ဆက်တာကို ပြောတာ ဖြစ်ပါတယ်။ နာမည်ကြီး မီဒီယာကုမ္ပဏီကြီးတွေနဲ့ အင်တာနက်ကုမ္ပဏီကြီးတွေဟာ အခပေးနဲ့ အခမဲ့ TV အစီအစဉ်တွေ လွှင့်တင်ပေးနေပါတယ်။ ဒီထဲက လူတိုင်းအခမဲ့ ကြည့်နိုင်မယ့် အကောင်းဆုံး TV Channel ၅ ခုအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) Bloomberg Television

Photo: makeuseof
Bloomberg မီဒီယာဟာ စီးပွားရေးနဲ့ ကွက်သတင်းတွေအကြောင်း ဖော်ပြနေတဲ့ ထိပ်တန်းမီဒီယာတစ်ခု ဖြစ်ပြီး နိုင်ငံတကာ TV Channels တွေကိုလည်း အခမဲ့ လွှင့်တင်ပေးနေပါတယ်။ အခမဲ့ TV Channels အစီအစဉ်တွေထဲမှာ Bloomberg US ၊ Bloomberg Europe ၊ Bloomberg Asia နဲ့ Bloomberg Australia တို့လည်း ပါဝင်ပါတယ်။ ဒီ TV Channels ၄ ခုလုံးကို အွန်လိုင်းမှာ တင်ထားပြီး Bloomberg ရဲ့ဝက်ဘ်ဆိုက်ကနေ အခမဲ့တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
(၂) Sky News

Photo: makeuseof
ယူကေအခြေစိုက် Sky News သတင်းဌာနကလည်း ကမ္ဘာအရပ်ရပ်က သတင်းတွေ ဖတ်လိုသူတွေအတွက် အကောင်းဆုံးအခမဲ့ TV Channels တွေထဲက တစ်ခု ဖြစ်ပါတယ်။ Sky News သတင်းတွေကို Sky News ဝက်ဆိုက်နဲ့ Sky News YouTube Channel တွေမှာ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ Sky News က နိုင်ငံကန့်သတ်ပိတ်ပင်ထားတာ မရှိတာကြောင့် အွန်လိုင်းရတဲ့ ဘယ်နေရာကမဆို ကြည့်ရှုနိုင်ပါတယ်။
(၃) ABC

Photo: makeuseof
အမေရိကန်မီဒီယာကွန်ရက်တစ်ခု ဖြစ်တဲ့ ABC ဟာ Talk Shows အစီအစဉ်တွေ ၊ ဒရာမာအစီအစဉ်တွေ ၊ Lifestyle Shows နဲ့ သတင်းတွေ အသားပေး ဖော်ပြလေ့ ရှိပါတယ်။ အားကစားဝါသနာအိုးတွေအတွက် Sports Content တွေကိုလည်း တင်ဆက်ပေးနေတာပါ။ နိုင်ငံအများအပြားအတွက် ABC ကနေ နိုင်ငံတကာဗားရှင်းနဲ့ တင်ဆက်နေတာ ရှိပါတယ်။
(၄) CNN

Photo: makeuseof
ကမ္ဘာ့ထိပ်သီး သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ CNN က သတင်းတွေ အခမဲ့ကြည့်ရှုနိုင်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအတွက် Pluto TV မှာ Free ပေးထားပြီး အမေရိကန်ပြင်ပကဆိုရင် VPN ခံပြီး ကျော်သုံးရမှာပါ။
(၅) BBC Channels

Photo: makeuseof
BBC သတင်းဌာနကနေ တင်ဆက်တဲ့ အခမဲ့ TV Channels ဖြစ်ပြီး ဝက်ဘ်ဆိုက်ကနေ ဝင်ကြည့်နိုင်ပါတယ်။ ဟာသ ၊ အားကစား ၊ ဖျော်ဖြေရး ၊ ရုပ်ရှင်စီးရီး ၊ သဘာဝပတ်ဝန်းကျင်နဲ့ သတင်းခန်း အစုံအလင်ကို ကြည့်ရှုခံစားနိုင်မှာပါ။ ယူကေပြင်ပမှာ နေထိုင်တဲ့သူတွေအတွက် အစီအစဉ်တွေကို ကြည့်ဖို့ ယူကေနိုင်ငံက ဆာဗာတစ်ခုဆီ VPN ချိတ်ပြီး ခံသုံးဖို့ လိုပါတယ်။
