ရုပ်ရှင်ကြည့်ချင်ရင် အရင်လို ရုပ်ရှင်ရုံသွားစရာ မလိုတော့ပါဘူး။ အခုခေတ်မှာ Netflix ၊ Paramount+ ၊ Disney+ နဲ့ Apple TV+ တို့လို Streaming Services တွေလည်း အများကြီး ထွက်ထားပါတယ်။ တစ်ခုရှိတာက ဒီ Services တွေက စာရင်းသွင်းရပါတယ်။ ပိုက်ဆံပေးရပါတယ်။ လစဉ်ကြေး ၊ နှစ်စဉ်ကြေးကလည်း မနည်းမနော ကုန်ပါတယ်။ ဒီတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို Free ဝင်ကြည့်လို့ရမယ့် Streaming Sites တွေ ညွှန်းချင်ပါတယ်။
အခုပြောမယ့် Streaming Services တွေဟာ အားလုံး Free ၊ Sign Up လုပ်စရာလည်း မလိုပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ဆီမှာ သုံးဖို့အတွက် တချို့ Site တွေကို VPN ကျော်ပြီးမှ ဝင်လို့ ရမှာပါ။ ကဲ ဘယ်လို ဝက်ဘ်ဆိုက်တွေလဲ ကြည့်လိုက်ရအောင်ပါ။
(၁) YouTube

Photo: MakeUseOf
ကျွန်တော်တို့ရဲ့အချစ်တော် ၊ နာမည်ကျော် Streaming Site တစ်ခုက YouTube ပါ။ အင်တာနက်သုံးသူတိုင်း YouTube နဲ့ လွတ်မယ် မထင်ပါဘူး။ YouTube မှာ Free တင်ပေးနေတဲ့ ရုပ်ရှင် Channel တွေ အများကြီး ရှိသလို တစ်ဦးချင်း User-Uploaded လုပ်ထားတဲ့ ဗွီဒီယိုတွေလည်း အများကြီး ရှိပါတယ်။ YouTube ကို ဖုန်း ၊ လက်ပ်တော့ ၊ PC ကွန်ပျူတာ ၊ တက်ဘလက်နဲ့ စမတ်တီဗွီတို့နဲ့ ချိတ်ပြီးလည်း သုံးလို့ ရပါတယ်။
YouTube Content တွေ ကြည့်ရဖို့ Sign Up လုပ်စရာ မလိုပါဘူး။ ဒါပေမယ့်လည်း ရုပ်ရှင်ကြည့်ရင်းနဲ့ Ads ကြော်ငြာတွေ တက်လာတာတော့ သည်းခံရမှာပါ။ Free ရတာဖြစ်လို့ ဒီလောက်တော့ စိတ်ရှည်ပေးဖို့ လိုပါလိမ့်မယ်။
(၂) Roku

Photo: MakeUseOf
Sign Up လုပ်စရာမလိုတဲ့ နောက်ထပ် နာမည်ကျော် Video Streaming Service တစ်ခုက Roku ဖြစ်ပါတယ်။ Devices အားလုံးမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး YouTube လိုပဲ Application အနေနဲ့လည်း ထွက်ထားပါတယ်။ ဖုန်းမှာ Roku က တင်ထားတဲ့ ရုပ်ရှင်တွေ ကြည့်ချင်ရင်တော့ ဖုန်းထဲမှာ Roku အက်ပ်ကို ထည့်ထားရမှာပါ။ အရည်အသွေးကောင်းတဲ့ ရုပ်ရှင်နဲ့ ဇာတ်ကားတွေကို ဒီပလက်ဖောင်းကနေ ကြည့်နိုင်ပါတယ်။ အခမဲ့ပလက်ဖောင်းဖြစ်လို့ ဇာတ်ကားထဲမှာ ကြော်ငြာတွေတော့ ထည့်ထားပါတယ်။
(၃) Vudu

Photo: MakeUseOf
အခုလောလောဆယ် အကြိုက်ဆုံးဖြစ်နေတဲ့ Free Streaming ဝက်ဘ်ဆိုက်ပါ။ App ကတော့ ဒီက ဖုန်းတွေမှာ Install သွင်းဖို့ အဆင်မပြေပါဘူး။ အကောင်းဆုံးက Vudu ဝက်ဘ်ဆိုက်မှာ အကောင့်ဖွင့်ထားပြီး Free ပေးတဲ့ အမိုက်စားရုပ်ရှင်တွေကို အသာလေး ထိုင်ရွေးပြီး ဇိမ်နဲ့ ကြည့်ရုံပါပဲ။ ဝက်ဘ်ဆိုက်မှာ အခပေးနဲ့ အခမဲ့ဆိုပြီး ရုပ်ရှင်အပြင် တခြား Content ပေါင်းစုံကို Menu မှာ ခွဲပေးထားပါတယ်။
ရုပ်ရှင်ကားသစ်တွေလည်း Free ကြည့်လို့ရအောင် တပုံကြီး တင်ထားပါတယ်။ ရုပ်ထွက်တွေကလည်း တကယ့်အလန်းစား ၊ ရုပ်ရှင်ရုံကြီးထဲ ရောက်နေတဲ့အတိုင်း ဘာမှ ပြောစရာမရှိပါဘူး။ စာတန်းထိုးနဲ့ ကြည့်ချင်ရင်လည်း ဗွီဒီယိုအောက်ခြေက CC လေး ဖွင့်ပြီး အင်္ဂလိပ်လို ပြောင်းလို့ရပါတယ်။ Free ဆိုတဲ့အတိုင်း ကြော်ငြာတော့ မျက်စိနောက်လောက်အောင် ကြည့်ရတာ ရှိနိုင်ပါတယ်။
(၄) Popcornflix

Photo: MakeUseOf
အွန်လိုင်းမှာ ရုပ်ရှင်ကြည့်ရတာ သိပ်ဇိမ်ရှိပါတယ်။ ကိုယ်ကြည့်ချင်တဲ့ကားကို Category အလိုက် ရွေးရုံပါပဲ။ ဒီလို Movie Library တွေထဲမှာ နာမည်ကြီးတဲ့ ပလက်ဖောင်းတစ်ခုက Popcornflix ဖြစ်ပါတယ်။ ဘာစာရင်းသွင်းတာမှ လုပ်စရာမလိုတဲ့ Free Service ပါ။ နာမည်ကြီး ရုပ်ရှင်ကားဟောင်းတွေ အကုန်ကို ကြည့်လို့ ရပါတယ်။ ရုပ်ရှင်ကိုမှ လူကြည့်အများဆုံး ၊ အာရှအက်ရှင် ၊ ဒရာမာ ၊ Popcorn အကြိုက် ၊ ထိတ်လန့်သည်းဖို ၊ ဟာသ အစုံကို သူ့ Section နဲ့သူ ရွေးကြည့်လို့ ရပါတယ်။
(၅) Crackle

Photo: MakeUseOf
ရုပ်ရှင်တွေရော TV Shows တွေပါ အခမဲ့ ကြည့်နိုင်တဲ့ ပလက်ဖောင်းပါ။ ရုပ်ရှင်ကြည့်တာအပြင် နောက်ဆုံးထွက် ရုပ်ရှင်လောကသတင်းအချက်အလက်တွေပါ ကြည့်လို့ ရမယ့် ပလက်ဖောင်းလည်း ဖြစ်ပါတယ်။ ရုပ်ရှင်သစ်တွေ ထွက်လာရင် Noti ပေးဖို့ပါ လုပ်ထားလို့ ရပါတယ်။ နောက်ဆုံးထွက် ရုပ်ရှင်ကားတွေ နဲ့ စီးရီးတွေကို အပြည့် ကြည့်လို့ ရတဲ့ Streaming Site လည်း ဖြစ်ပါတယ်။
အခုပြောခဲ့တာတွေက အွန်လိုင်းပလက်ဖောင်းတွေ ဖြစ်လို့ အင်တာနက်လိုင်းကောင်းဖို့တော့ လိုပါတယ်။ နောက်ပြီး ကိုယ်ဝင်ကြည့်တဲ့ Site ပေါ်လိုက်ပြီး VPN သုံးဖို့လည်း လိုပါလိမ့်မယ်။
