အချို့ကလည်း သောကြာနေ့ရောက်တဲ့အခါ အင်မတန်ပျော်ကြပေမယ့် အချို့ကလည်း ရုံးတက်ဖို့ တစ်ရက်ကြီးများတောင် ကျန်ပါသေးလားဆိုပြီး မပျော်တတ်ကြပါဘူး။ သင်ရော ဘယ်အမျိုးအစားထဲမှာ ပါပါသလဲ။

တကယ်လို့သင်သည် သောကြာနေ့မှာ ရုံးတက်ဖို့အတွက် Motivation လုံးဝမရှိတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့နောက်မှာတော့ သောကြာနေ့တစ်ရက်တည်းအတွက်တင်မဟုတ်ဘဲ ရုံးတက်ရက်တိုင်းမှာ မိုတီမြင့်မားစွာနဲ့ ရုံးတက်နိုင်ပါပြီ။

မနက်စာ စားဖြစ်အောင် စားပါ

tips for men to be motivated on Fridays

မနက်စာသည် တစ်နေ့တာလုံးစာအတွက် အရေးအကြီးဆုံးပါပဲ။ သုတေသနပညာရှင်များရဲ့ သက်သေပြချက်အရ မနက်စာ စားသုံးသူများသည် စိတ်ဓာတ်ခွန်အား ပိုမိုတက်ကြွကြပြီး စိတ်ခံစားချက်များလည်း ပိုမိုကောင်းမွန်ကာ မှတ်ဉာဏ်စွမ်းအားလည်း မြင့်တက်ကြတယ်လို့ သိရှိရပါတယ်။

အရေးကြီးသောအရာကို ဦးစားပေးပါ

tips for men to be motivated on Fridays

လုပ်စရာအလုပ်တွေ များတဲ့အခါ ဘယ်အရာကို စလုပ်ရမှန်းမသိဘဲ ယောင်ချာချာဖြစ်ကာ လုပ်ချင်စိတ်များလည်း ပျောက်ဆုံးလာတတ်ပါတယ်။ ဒီအချိန်မျိုးမှာ စိတ်မလေသွားအောင်လို့ သေချာထိန်းရပါမယ်။ ဒါ့ကြောင့် အရေးကြီးဆုံးအရာကို အစီလိုက်စီထားလိုက်ပါ။ ဒါဆိုရင် အချိန်မှီ မပြီးတာမျိုးတွေကို ရှောင်ကြဉ်နိုင်ပါတယ်။

အနားယူချိန် ၂ ချိန်ခန့် သတ်မှတ်ထားပါ

tips for men to be motivated on Fridays

အလုပ်က စိတ်ဖိစီးစရာတွေ များလွန်းလှပါတယ်။ အလုပ်များလေ စိတ်ဖိစီးမှု ပိုများလေပါပဲ။ ဒါပေမဲ့ မိမိကိုယ်ကို အနားမပေးဘဲ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်နေတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ မိနစ် ၉၀ ခန့် အလုပ် လုပ်ပြီးတဲ့အခါ ၅ မိနစ်၊ ၁၀ မိနစ်ခန့် အနားယူကာ အညောင်းအညာဆန့်ပါ။ ဒီလိုခဏတဖြုတ်အနားယူခြင်းသည် သင့်ရဲ့စွမ်းဆောင်ရည်ကိုလည်း ပိုမိုမြင့်တက်စေပါတယ်။

မိမိကိုယ်ကိုယ် ဆုချပါ

tips for men to be motivated on Fridays

ကိုယ် သတ်မှတ်ထားတဲ့အလုပ်တစ်ခုပြီးသွားပါက ကိုယ့်ကိုယ့်ကိုယ် ဆုချပါ။ တန်ဖိုးကြီးမားစရာမလိုပါဘူး။ ရေခဲမုန့် ဝယ်စားတာဖြစ်ဖြစ်၊ အာလူးကြော် ဝယ်စားတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပြီး ကိုယ့်အချစ်ဆုံးသူငယ်ချင်းနဲ့ စကားစမြည်ပြောခြင်းသည်လည်း ကိုယ့်ကိုယ့်ကိုယ် ဆုချခြင်းပါပဲ။

မြူးကြွသော သီချင်းများ နားထောင်ပါ

tips for men to be motivated on Fridays

ဂီတသံစဉ် တေးသီချင်းများသည် လူသားတွေရဲ့စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်ပါတယ်။ ပျင်းရိငြီးငွေ့သလို ခံစားနေရပြီဆိုရင်တော့ မြူးကြွတဲ့တေးသီချင်းများကို နောက်ခံတေးသီချင်းအဖြစ် ဖွင့်ထားလိုက်ပါ။ ဒါဆိုရင်တော့ စိတ်ဓာတ်ပြန်လည်တက်ကြွလာပြီး လုပ်ဆောင်စရာရှိတာများကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ဒီအချက်များသည် သင့်ရဲ့ရုံးတက်ရက်တွေကို ပျော်ရွှင်တက်ကြွနေစေဖို့ ကူညီပေးပါလိမ့်မယ်။

Source: Lifehack.org

Featured Image Source: Jacoblund.com