ကမ္ဘာပေါ်မှာ တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၂သန်းခန့်ရှိပေမယ့် အားလုံးက ရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါတွေတော့ မဟုတ်ကြပါဘူး။ တချို့အကောင်လေးတွေက ဥာဏ်ကောင်းသလို တချို့ကအသံမပြုတတ်ကြဘူး။ တချို့က ငပျင်းလေးတွေဖြစ်ပြီးတော့ တချို့အကောင်လေးတွေကတော့ မယုံနိုင်လောက်အောင် ဖော်ရွေကြပါတယ်။ အခု ပြောပြမှာ တိရိစ္ဆာန်ချစ်သူတွေသဘောကျမယ့် ကမ္ဘာပေါ်က လူတွေနဲ့ ရင်းနှီးအလွယ်ဆုံးတိိရစ္ဆာန် (၅) မျိုး အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။
(၁) ခွေး

ခွေးလေးတွေဟာ ကမ္ဘာပေါ်က အလျင်မြန်ဆုံးနဲ့ သစ္စာအရှိဆုံးတိရိစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ သူတို့ကလူတွေရဲ့ စိတ်အာရုံနဲ့ ခံစားချက်တွေကိုကောင်းစွာနားလည်နိုင်ပြီးတော့ ရင်းနှီးလွယ်တဲ့အတွက်လူတွေအတွက် အကောင်းဆုံးအိမ်မွေးတိရိစ္ဆာန်အဖော်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ခွေးတွေဟာ ဝံပုလွေမျိုးနွယ်ကဆင်း သက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာထဲက လူတွေမွေးမြူခဲ့ကြတယ်လို့ဆိုပါတယ်။
(၂) လင်းပိုင်

လင်းပိုင်တွေဟာ ကမ္ဘာပေါ်ကဥာဏ်အကောင်းဆုံးတိရိစ္ဆာန်တွေထဲမှာအပါအဝင်ဖြစ်ပြီး လူတွေလိုနို့တိုက်သတ္တဝါမျိုးနွယ်ဝင်ဖြစ်ပါတယ်။ လင်းပိုင်တွေဟာ ဖော်ရွေသောအပြုအမူရှိရုံသာမက အဆင့်မြင့်လူမှုရေးစွမ်းရည်တွေလည်း ရှိကြပါတယ်။ သူတို့ရဲ့သဘာဝအတိုင်းလူတွေကို အန္တရာယ်မပြုတတ်ကြဘဲ ပင်လယ်ထဲမှာသွားလာနေတဲ့ လှေတွေ၊ သဘော်တွေကို အကူအညီတောင်ပေးတတ်ကြပါတယ်။
(၃) ကြောင်

ကြောင်လေးတွေဟာ အလွန်ဆော့ကစားတတ်ကြပြီး လွတ်လပ်သလို တခါတရံ ဆရာကြီးစတိုင်လ်ရှိတဲ့ အဖော်ရွေဆုံး တိရိစ္ဆာန်လေးတွေထဲမှာပါဝင်ပါတယ်။ အလွန်အသိဥာဏ်ရှိကြပြီး သူတို့ကိုဂရုမစိုက်ရင် စိတ်ကောက်တတ်ကြပါသေးတယ်။ ကြောင်လေးတွေက သူတို့ကိုယ် သူတို့သန့်သန့်ရှင်းရှင်းထားတတ်ပြီး အမဲလိုက်နိုင်တဲ့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ခန့်လောက်ကတည်းက လူတွေမွေးမြူလေ့ရှိကြပါတယ်။
(၄) ယုန်

ယုန်လေးတွေက နည်းနည်းကြောက်တတ်ပေမယ့် ချစ်စရာကောင်းပြီးဖော်ရွေကြတဲ့ တိရိစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ မုန်လာဥ၊ မြက်အစရှိတဲ့ အသီးအရွက်တွေစားတတ်ပြီး သူတို့ရဲ့အကြိုက်ဆုံးအစားအစာဆိုရင် မုန်လာဥကို သတ်မှတ်ကြပါတယ်။ သူတို့မှာသန်မာတဲ့ရှေ့ခြေထောက်တွေရှိသလို ရှေ့သွားရှည်ရှည်လေးတွေနဲ့ နားရွက်ရှည်ရှည်လေးတွေရှိကြပါတယ်။ ယုန်လေးတွေကိုမွေးမယ်ဆိုရင် သေချာဂရုစိုက်ပေးဖို့လိုပြီး နေရာကျယ်ကျယ်ထားပေးဖို့လည်း လိုပါတယ်။
(၅) ပန်ဒါ

ပန်ဒါလေးတွေဟာ အလွန်ချစ်စရာကောင်းပြီး မြင်ရတဲ့သူအဖို့ ပျော်စရာကောင်းပါတယ်။ သူတို့တွေဟာ အသား စားသတ္တဝါတွေဖြစ်ပေမယ့်လည်း ဝါးကိုသာအဓိကစားလေ့ရှိကြပါတယ်။ ပန်ဒါဝက်ဝံတွေကို တရုတ်ပြည်အလယ်ပိုင်း တောင်တန်းဒေသတွေမှာတွေ့ရလေ့ရှိပြီး ကမ္ဘာပေါ်က အသိဉာဏ်အရှိဆုံးသတ္တဝါတွေထဲမှာပါဝင်ပါတယ်။ ပန်ဒါလေးတွေဟာ ပေါင် ၃၀၀ ခန့်ထိကြီးနိုင်ပြီး ဝမ်းနည်းစရာကောင်းတာက ခုချိန်မှာမျိုးသုန်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ရှိတဲ့တိရိစ္ဆာန်မျိုးစိတ်တစ်ခုအဖြစ်ပါဝင်နေတာလည်း ဖြစ်ပါတယ်။
