Friends ဇာတ်လမ်းတွဲရဲ့ အမာခံပရိသတ်များသည် Chandler ကို သူ့ရဲ့ ရွဲ့တဲ့တဲ့ဟန်ပန်အနေအထား စကားပြောဟန်နှင့် ဟာသဉာဏ်ရွှင်ခြင်းတို့ကြောင့် ရုပ်ရင်ချစ်သူများ နှစ်သက်ကြပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့အကျင့်စရိုက်တချို့ကြောင့်လည်း ပရိသတ်တွေက မနှစ်မြို့ပြန်ပါဘူး။

ဘယ်လိုအချက်များကြောင့် ပရိတ်သတ်မျက်စိထဲ မျက်စိ ဆံပင်မွှေးစူးစရာဖြစ်သွားသလဲဆိုတော့ …

သူ့သူငယ်ချင်းများကို အရမ်းကာရော ဝေဖန်လွန်းအားကြီးလို့

Friends: Fans Still hate about Chandler

Chandler သည် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သလို တစ်ချိန်တည်းမှာပဲ သူ့သူငယ်ချင်းတွေကို ဝေဖန်လွန်းနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဥပမာဆိုရရင် Joey ဒုက္ခရောက်နေချိန်မှာ Joey ကို ပိုက်ဆံချေးပေးခြင်း၊ Ross အိမ်ပြောင်းတဲ့အခါ ကူညီပေးခြင်း အစရှိသဖြင့် သူငယ်ချင်းကောင်းပီသစွာ ပြုမူပါတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ ရင်ဖွင့်တဲ့အခါမှာ အကြံ့ဉာဏ်ကောင်းတွေ ပေးရမယ်၊ သေချာနားထောင်ပေးရမယ့်အစား အလွန်အကျွံ အပြစ်တင်ဝေဖန်တာကို တွေ့မြင်ရမှာပါ။

Janice ရဲ့ စိတ်ခံစားချက်ကို ကစားလို့

Friends: Fans Still hate about Chandler

Janice နဲ့ Chandler ကတော့ တွဲလိုက် ပြတ်လိုက် သမီးရည်းစားဆက်ဆံရေးပါပဲ။ ဇာတ်လမ်းတွဲမှာတော့ Janice ကို စိတ်အနှောင့်အယှက်ပေးနိုင်သူအဖြစ် ပုံဖော်ထားပါတယ်။ ဒါပေမဲ့ ဒါသည်လည်း သူ(မ)ရဲ့ အမှားမဟုတ်သလို Chandler သည်လည်း အလုံးစုံအပြစ်ကင်းစင်သူတစ်ယောက်မဟုတ်ပါဘူး။ သူတို့နှစ်ယောက် တွဲလိုက် ပြတ်လိုက် ဖြစ်နေရခြင်းသည်လည်း Chandler ကြောင့် ပါပါတယ်။ သူက တစ်ယောက်တည်းအထီးမကျန်ချင်ရုံသပ်သပ်နဲ့ သူ(မ)ရဲ့စိတ်ခံစားချက်များကို ဆော့ကစားပြီး ဆိုးဆိုးရွားရွားဆက်ဆံတတ်ပါတယ်။

Monica ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပြင်းထန်စွာ ဝေဖန်ကဲ့ရဲ့လို့

Friends: Fans Still hate about Chandler

Chandler နဲ့ Monica သည် ထိုဇာတ်လမ်းတွဲမှာ အတွဲအညီဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ Monica ကိုယ်အလေးချိန် များနေချိန်မှာတော့ သူ(မ)ကို ရွံ့သလိုလို၊ စကားမပြောချင်သလိုလို ဆက်ဆံခဲ့ပြီး သူ(မ) ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သွားတဲ့အချိန်မှာတော့ သူ(မ)ကို တွဲခဲ့ပါတယ်။ တစ်ပါးသူရဲ့ ဖြစ်တည်မှုကို ကဲ့ရဲ့ရှုံ့ချခြင်းသည် လူကြီးလူကောင်းမဆန်တာကြောင့် တချို့ပရိသတ်တွေအတွက်တော့ မနှစ်မြို့စရာပါပဲ။

သူ့အမေကို လေးစားမှုမရှိဘူး

Friends: Fans Still hate about Chandler

Chandler နဲ့ သူ့အမေသည် ဆက်ဆံရေး မပြေပြစ်ကြတာကိုတော့ ရုပ်ရှင်ကြည့်ပရိသတ်များအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ သို့သော် သူ့ရဲ့သူ့အမေအပေါ် မကျေနပ်ချက်တွေကို ထုတ်ဖော်ပြသရာမှာ နည်းလမ်းချွတ်ချော်နေတာကို Friends ရဲ့တချို့ဖန်တွေက မနှစ်သက်ကြပါဘူး။ သူ့သူငယ်ချင်းတွေအရှေ့မှာ သူ့အမေကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံခြင်း၊ သူ့အမေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး ပြင်းထန်သောမှတ်ချက်များ ပေးခြင်းသည် ဇာတ်လမ်းကို ရယ်သွမ်းသွေးအောင် ပြုလုပ်တာဖြစ်ပေမယ့် အချို့ကတော့ မနှစ်သက်ကြပါဘူး။

သူ့မင်္ဂလာဆောင်ကနေ ထွက်ပြေးခဲ့လို့

Friends: Fans Still hate about Chandler

Chandler သည် ဇာတ်လမ်းတွဲတစ်ခုလုံးတွင် သူ့ရဲ့ခံစားချက်များကို ပွင့်ပွင့်လင်းလင်း မဖော်ပြခဲ့ပါဘူး။ သူ့ရဲ့ခံစားချက်များကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ အချိန်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲကျင်းပမယ့်ရက်အထိ စောင့်ဆိုင်းပြီး လက်ထပ်ခါနီးကျမှ ထွက်ပြေးသွားခြင်းသည် Monica အတွက် ရက်စက်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ထိုမင်္ဂလာပွဲနေ့မှာ တခြားသူငယ်ချင်းတွေသာ မကူညီခဲ့ဘူးဆိုရင်တော့ Monica အတွက် မတွေးဝံ့စရာပါပဲ။

သင်ရော Friends ဇာတ်လမ်းတွဲထဲမှာ ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ။ သင် မနှစ်သက်တဲ့ ဇာတ်ကောင်ကရော ဘယ်ဇာတ်ကောင်ဖြစ်မလဲ။

Source: Screenrant.com

Featured Image Source: Screenrant.com