လူတော်တော်များများဟာ အသီးတစ်မျိုးမျိုးစားမယ်ဆိုရင် အခွံခွာပစ်တက်ကြပါတယ်။ တစ်ချို့ အသီးတွေမှာက အာဟာရဓာတ်တွေဟာ အခွံမှာပိုပြီး ပါဝင်နေတက်ပါတယ်။ ဒါကြောင့် တစ်ချို့အသီးတွေကို စားမယ်ဆိုရင် ရေးဆေးပြီး စားတာက ပိုပြီး အာဟာရဖြစ်ပါတယ်။ ဒီနေ့ kwee page က အခွံမခွာပစ်သင့်တဲ့ အသီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းသီး

Source: Healthline

ပန်းသီးအခွံမှာ ဗီတာမင်စီ၊ ဗီတာမင် အေနဲ့ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် အခွံမခွာပဲ စားဖြင်းက ပိုပြီး အာဟာရဓာတ်ရရှိစေပါတယ်။ ဒါပေမယ့် တစ်ချို့ပန်းသီးတွေဟာ ပိုးသတ်ဆေး ဖြန်းထားတာကြောင့် ရေနဲ့ သေချာဆေးကြောပြီးမှ စားဖို့ အကြံပေးချင်ပါတယ်။

သခွားသီး

Source: SNAP-ed connection

သခွားသီးမှာ ဗီတာမင် အေ၊ ပိုတက်စီယမ် နဲ့ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် အခွံမခွာဘဲ စားသင့်ပါတယ်။

ခရမ်းသီး

Source: Medical News Today

ခရမ်းသီးကိုလည်း အခွံမခွာသင့်ပါဘူး။ ခရမ်းသီးအခွံမှာ အမျှင်ဓာတ်၊ ဖလေဗာနွိုက်တွေ၊ မဂ္ဂနီဆီယမ်တွေပါဝင်ပါတယ်။ သခွားသီးမှာ  ရေဓာတ်ပါဝင်မှူက (၉၂) ရှိတာမို့ အခွံမှာ အာဟာရဓာတ်များနေတာဖြစ်ပါတယ်။

ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီး

Source: Pinterest

ဘယ်ရီသီး၊ချယ်ရီသီးနဲ့ စပျစ်သီးတွေကို အခွံမခွာဘဲ စားတာကပိုကောင်းပါတယ်။ သူတို့ရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ စပျစ်သီးအခွံမှာဆို တစ်လုံးစာအခွံဟာ အတွင်းသားထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏအများဆုံးဖြစ်နေတာပါ။